နည်းပြသစ်ရာထူးအတွက် ရီးယဲလ်နည်းပြဇီဒန်းအား ဂျူဗင်တပ်စ်အသင်း ထိပ်ဆုံးမှပစ်မှတ်ထားနေဟု Daily Mail ဖော်ပြ

နည်းပြသစ်ရာထူးအတွက် ရီးယဲလ်နည်းပြဇီဒန်းအား ဂျူဗင်တပ်စ်အသင်း ထိပ်ဆုံးမှပစ်မှတ်ထားနေဟု Daily Mail ဖော်ပြ
Photos: Getty Images
Photos: Getty Images
Published 8 August 2020

ဂျူဗင်တပ်စ်အသင်းသည် နည်းပြဆာရီအား ထုတ်ပယ်လိုက်ပြီးနောက် လစ်လပ်နေသည့်အသင်း၏ နည်းပြရာထူးအတွက် လက်ရှိရီးယဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်လူမျိုးနည်းပြ ဇီဒန်းအား ထိပ်ဆုံးမှပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။

နည်းပြဆာရီအားထုတ်ပယ်ပြီးနောက် ဂျူဗင်တပ်စ်နည်းပြသစ်ရာထူးအတွက် ရေပန်းစားမှုများမှာ မီဒီယာစာမျက်နှာများထက်တွင် ဆက်တိုက်ဆိုသလိုထွက်ပေါ်လာခဲ့ပြီး ဇီဒန်း၊ ပိုချက်တီနို၊ ဆီမြွန်နီအင်ဇာဂီ စသည့်နည်းပြများမှာ အပြိုင်ရေပန်းစားနေကြောင်းသိရသည်။

သို့သော် Daily Mail ၏ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်း ဥက္ကဋ္ဌ အဂ္ဂါနယ်လီအနေဖြင့် အသင်း၏ကစားသမားဟောင်းဖြစ်ခဲ့သူ ဇီဒန်းအား အသင်းသို့နည်းပြအဖြစ်ပြန်လည်ခေါ်ဆောင်ရန် ဆန္ဒပြင်းပြနေပြီး ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ရီးယဲလ်မက်ဒရစ်တွင် လက်တွဲညီခဲ့ပြီး အောင်မြင်မှုများစွာရယူနိုင်ခဲ့သော ဇီဒန်းနှင့် လက်ရှိအသင်း၏ကစားသမားစီရော်နယ်လ်ဒိုတို့အား တူရင်တွင်ပြန်လည်ပေါင်းစည်းနိုင်စေရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး စီရော်နယ်လ်ဒိုအနေဖြင့်လည်း ဇီဒန်းနှင့်ပြန်လည်လက်တွဲရန် ဆန္ဒရှိနေနိုင်ကြောင်းလည်း

သိရသည်။

ဇီဒန်းသည် ကစားသမားဘဝတွင် ဂျူဗင်တပ်စ်အသင်း၌ ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ (၅)နှစ်ကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ (၂၀၉)ပွဲကစားရာတွင် (၃၁)ဂိုးသွင်းယူပေးခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ဦးစားပေးပစ်မှတ်ထားနေသည့် ဇီဒန်းနှင့် အဆင်မပြေခဲ့ပါက ဒုတိယဦးစားပေးအဖြစ် လက်ရှိအသင်းလက်မဲ့ဖြစ်နေသော စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုကို ပစ်မှတ်ထားနေကြောင်းသိရသည်။ ထို့ပြင် ဂျူဗင်တပ်စ်အသင်း၏ နည်းပြရေပန်းစားမှုတွင် လက်ရှိလာဇီယိုအသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီနှင့်ဂျူဗင်တပ််စ်အသင်း၏ ကစားသမားဟောင်းနှင့် ယူ-၂၃ အသင်းနည်းပြဖြစ်သူ ပီယာလိုတို့လည်းပါဝင်နေကြောင်းသိရသည်။

 

Most Read

Most Recent