ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ဒီယေဂိုကော်စတာ ဆို

ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ဒီယေဂိုကော်စတာ ဆို
Photo: Getty Images
Photo: Getty Images
Published 7 August 2020

အက်သလက်တီကိုတိုက်စစ်မှူး ဒီယေဂိုကော်စတာက မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အက်သလက်တီကိုအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် လက်ရှိချိန်ပီယံ လီဗာပူးလ်ကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ကွာတားဖိုင်နယ်တွင် ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ 

ဒီယေဂိုကော်စတာက သြဂုတ်လ (၁၃)ရက်တွင် ကစားမည့် လိုက်ပ်ဇစ်နှင့်ပွဲစဉ်မှာ ခက်ခဲသည့် ပွဲစဉ်တစ်ပွဲဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

"ပရိသတ်တွေ မပါဘဲ ဘောလုံးပွဲကစားရတာ အဆင်မပြေပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ Restart ကာလမှာ ခြေစွမ်းကောင်းတွေကို ထိန်းထားနိုင်လို့ လိုက်ပ်ဇစ်နဲ့ပွဲအတွက်လည်း စိတ်အားတက်ကြွနေပါတယ်။ လိုက်ပ်ဇစ်နဲ့ပွဲက ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဒီလိုပွဲမျိုးတွေမှာ ကံကောင်းဖို့လည်း လိုပါတယ်"ဟု ဒီယေဂိုကော်စတာက ပြောကြားခဲ့သည်။ 

အက်သလက်တီကိုအသင်းသည် ချန်ပီယံလိဂ် (ယခင် ဥရောပဖလား) ပြိုင်ပွဲတွင် ဗိုလ်လုပွဲ (၃)ကြိမ်အထိ တက်ရောက်ခဲ့သော်လည်း (၃)ကြိမ်စလုံး ရှုံးနိမ့်ခဲ့သည်။ 

ထို့ကြောင့် ဒီယေဂိုကော်စတာက မိမိတို့အနေဖြင့် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန်အတွက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent