ဗလင်စီယာတောင်ပံကစားသမား ဖယ်ရန်တောရက်စ်ကို စာချုပ်ချုပ်ဆိုပြီးနောက် ရက်မခြားဘဲ ဘုန်းမောက်နောက်ခံလူ နာသန်အကီကို မန်စီးတီး ဆက်တိုက်ခေါ်ယူ

ဗလင်စီယာတောင်ပံကစားသမား ဖယ်ရန်တောရက်စ်ကို စာချုပ်ချုပ်ဆိုပြီးနောက် ရက်မခြားဘဲ ဘုန်းမောက်နောက်ခံလူ နာသန်အကီကို မန်စီးတီး ဆက်တိုက်ခေါ်ယူ
Photos : Man City
Photos : Man City
Published 6 August 2020

မန်စီးတီးအသင်းသည် ဗလင်စီယာတောင်ပံကစားသမား ဖယ်ရန်တောရက်စ်ကို စာချုပ်ချုပ်ဆိုပြီးနောက် ရက်မခြားဘဲ ဘုန်းမောက်နောက်ခံလူ နာသန်အကီကို မန်စီးတီး ဆက်တိုက်ခေါ်ယူခဲ့ကြောင်း သိရသည်။

စပိန် ယူ-၂၁ တောင်ပံကစားသမား ဖယ်ရန်တောရက်စ် (၂၀ နှစ်) နှင့် နယ်သာလန်နောက်ခံလူ နာသန်အကီ(၂၅ နှစ်)တို့အတွက် မန်စီးတီးအသင်း အသုံးပြုခဲ့ရသည့်ငွေကြေးပမာဏမှာ ပေါင်း သန်း(၆၀)ကျော် (Add-ons ကြေး မပါ)

ပေါင်သန်း(၆၀)ကျော်အထိ ရှိခဲ့သည်။

မန်စီးတီးအသင်းသည် ယခုရာသီအပြောင်းအရွှေ့ကာလအတွင်း ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဖယ်ရန်တောရက်စ်အား ခေါ်ယူခဲ့ပြီး ၎င်းအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်(၂၀.၉) သန်း ပေးချေခဲ့ရသည်။

အသင်းတွင် ၎င်း၏စွမ်းဆောင်ရည်နှင့် အသင်းအောင်မြင်မှုအရ ထပ်မံပေးချေရမည့် Add-ons ကြေးများကို ထည့်သွင်းတွက်ချက်ပါက ဖယ်ရန်တောရက်စ်၏ပြောင်းရွှေ့ကြေးမှာ ပေါင်(၃၇)သန်းအထိ ရှိနိုင်ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းသည် နာသန်အကီအား ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀)ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

မန်စီး တီးအသင်းသည် နာသန်အကီအား (၅)နှစ်စာချုပ်ချုပ် ဆိုခဲ့ပြီး အသင်းတွင် ၎င်းင်း၏စွမ်းဆောင်ရည်နှင့် အောင်မြင်မှုအရ Add-ons ကြေးအဖြစ် ပေါင်(၁)သန်း ထပ်မံပေးချေရမည်ဖြစ်ကြောင်း သိရသည်။

နာသန်အကီအားခေါ်ယူရန် သူ၏အသင်းဟောင်း ချယ်လ်ဆီးအသင်းက ပစ်မှတ်ထားနေသော်လည်း ၎င်း၏ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်းမရှိ၍ နောက်ဆုတ်သွားခဲ့ရာ မန်စီးတီးအသင်းအနေဖြင့် လွတ်လွတ်လပ် လပ်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

နာသန်အကီသည် ၂၀၁၆ ခုနှစ်တွင် ဘုန်းမောက်အသင်းသို့ အငှားစာချုပ်ဖြင့်ရောက်ရှိခဲ့ပြီး ၂၀၁၇ နွေရာသီ၌ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)ဖြင့် အပြီးသတ်ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

နာသန်အကီသည် ဘုန်းမောက်အသင်း၌ (၃)ရာသီအတွင်း ပြိုင်ပွဲစုံ(၁၂၁)ပွဲတွင် (၁၁)ဂိုး သွင်းယူပေးခဲ့သည်။

Most Read

Most Recent