Chinese 8 Ball ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု ဘုန်းမြင့်ကျော် (ခ) အားတီ ပြောကြား

Chinese 8 Ball ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု ဘုန်းမြင့်ကျော် (ခ) အားတီ ပြောကြား
Photo: Ko Ar Ti Facebook
Photo: Ko Ar Ti Facebook
Published 5 August 2020

ဘုန်းမြင့်ကျော်သည် ဆီမီးဖိုင်နယ်တွင် တရုတ်နာမည်ကြီးကစားသမား ချူဘင်ဂျီနှင့် တွေ့ဆုံနေပြီး သြဂုတ် ၈၊ ၉၊ ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ချူဘင်ဂျီနှင့် အုပ်စုပွဲကစားရာ တွင်  အရေးနိမ့်ခဲ့သောကြောင့် ယခုပြန်လည်တွေ့ဆုံရာတွင် ရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး ဗိုလ်လုပွဲတက်ရောက်ရန်ပါ ကြိုးစားရမည်ဖြစ်သည်။ 

 

မြန်မာ Pool ကစားသမား ဘုန်းမြင့် ကျော် (ခ) အားတီက သြဂုတ်ဒုတိယပတ်တွင် ယှဉ်ပြိုင်ရမည့် Chinese 8 Ball ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘုန်းမြင့်ကျော်သည် ဆီမီးဖိုင်နယ်တွင် တရုတ်နာမည်ကြီးကစားသမား ချူဘင်ဂျီနှင့် တွေ့ဆုံနေပြီး သြဂုတ် ၈၊ ၉၊ ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ချူဘင်ဂျီနှင့် အုပ်စုပွဲကစားရာ တွင်  အရေးနိမ့်ခဲ့သောကြောင့် ယခုပြန်လည်တွေ့ဆုံရာတွင် ရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး ဗိုလ်လုပွဲတက်ရောက်ရန်ပါ ကြိုးစားရမည်ဖြစ်သည်။ 

ဘုန်းမြင့်ကျော်က "ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် ကျွန်တော့်ရဲ့ လက်စွမ်းနဲ့ ရလဒ်က အတက်၊ အကျတွေဖြစ်နေပါတယ်။ နိုင်သင့်တဲ့ပွဲတွေ အရေးနိမ့်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ Elite Tour 2020 ပြိုင်ပွဲ ဒုတိယဇုန် ပြိုင်ပွဲအပြီးမှာ ကျွန်တော့်ရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို ပြန်ပြင် ဆင်နေပါတယ်။ အုပ်စုပွဲမှာကစားတုန်းက သူ့ရဲ့အားနည်းချက်၊ အားသာချက်တွေကို လေ့လာပြီး ပြင်ဆင်နေပေမယ့် အဓိက ကတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး အနေအထားရောက်အောင် ကြိုးစားနေပါ တယ်။ ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ အကောင်း ဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ။ သုံးရက်ယှဉ် ပြိုင်ရမှာဖြစ်တာကြောင့် သေချာပြင်ဆင်နေ ပါတယ်။ ပထမနှစ်ရက်နိုင်ရင် ဗိုလ်လုပွဲ တက်ရောက်မှာဖြစ်တာကြောင့် ဆီမီးဖိုင်နယ်မှာ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ" ဟု ပြောကြားခဲ့သည်။

ဆီမီးဖိုင်နယ် ပထမပွဲစဉ်ဖြစ်သည့် ကျန် ယူဘိုနှင့် ယူဟိုင်ထောင်တို့၏ပွဲကို ဇူလိုင် စတုတ္ထပတ်က ကျင်းပခဲ့ပြီး ကျန်ယူဘိုက ပထမနှစ်ရက်တွင် အနိုင်ရခဲ့သောကြောင့် ဗိုလ်လုပွဲသို့ တက်ရောက်ထားပြီးဖြစ်သည်။  ဘုန်းမြင့်ကျော်သည် အုပ်စုပွဲစဉ်များအပြီး တွင် နှစ်လကျော်ကြာမှ ဆီမီးဖိုင်နယ်ပွဲယှဉ်ပြိုင်ရခြင်းဖြစ်ပြီး လက်ရှိတွင် ပြိုင်ပွဲကျင်းပမည့် ချောင်ရန်မြို့၌ လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။ 

ဘုန်းမြင့်ကျော်သည် အုပ်စုပွဲစဉ်များတွင် ရလဒ်ကောင်းများဆက်တိုက်ရခဲ့ ပြီး နောက်ဆုံးပွဲမှသာ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ချူဘင်ဂျီသည် အုပ်စုပွဲများအပြီးတွင် အဆင့် ၄ နေရာသာရခဲ့သဖြင့် Play-0ff ကစားခဲ့ရပြီး အနိုင်ရခဲ့သောကြောင့် ဆီမီးဖိုင်နယ် ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent