ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ကွန်တီ ဆို

ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ကွန်တီ ဆို
Photo: Getty Images
Photo: Getty Images
Published 5 August 2020

အင်တာမီလန်နည်းပြ ကွန်တီက ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အင်တာမီလန်အသင်းသည် သြဂုတ်လ (၅)ရက်တွင် ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်အဖြစ် ဂီတာဖေးအသင်းနှင့် ကစားရမည်ဖြစ်သည်။ 

ကွန်တီက ဂီတာဖေးနှင့်ပွဲမှာ ခက်ခဲမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် တစ်ဆင့်ချင်းစီ အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

"ဂီတာဖေးနဲ့ ကစားမယ့်ပွဲက ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လက်ရှိအချိန်မှာ အဲဒီပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ပြီးမှ တစ်ဆင့်ချင်းအတွက် ကျွန်တော်တို့ ပြင်ဆင်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ"ဟု ကွန်တီက ပြောကြားခဲ့သည်။ 

အင်တာမီလန်အသင်းသည် ဂီတာဖေးအသင်းကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့မည်ဆိုပါက ကွာတားဖိုင်နယ်တွင် ရိန်းဂျားစ် - လေဗာကူဆင်ပွဲမှ အနိုင်ရသည့်အသင်းနှင့် ကစားရမည်ဖြစ်သည်။ 

Most Read

Most Recent