မန်စီးတီးအသင်း ချန်ပီယံလိဂ်တွင်ဗိုလ်စွဲနိုင်ပြီး ဒီဘရိုင်းနားသည် ဂစ်နှင့် ဂျရတ်တို့လို ကစားသမားမျိုးဟု ၀ိန်းရွန်နီ ချီးကျူး

မန်စီးတီးအသင်း ချန်ပီယံလိဂ်တွင်ဗိုလ်စွဲနိုင်ပြီး ဒီဘရိုင်းနားသည် ဂစ်နှင့် ဂျရတ်တို့လို ကစားသမားမျိုးဟု ၀ိန်းရွန်နီ ချီးကျူး
Photos: Getty Images, Punditarena, Newsbreak
Photos: Getty Images, Punditarena, Newsbreak
Published 4 August 2020

မန်ယူအသင်း၏ နာမည်ကျော် တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက ယခုရာသီချန်ပီယံလိဂ်တွင် မန်စီးတီးအသင်းသည် ရီးယဲလ်မက်ဒရစ်ကိုကျော်ဖြတ်ကာ ကွာတားဖိုင်နယ်တက်ရန် အခြေအနေကောင်းနေသလို၊ အသင်း အတွက်လိုအပ်နေသည့် ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်သည်ဟု ချီးကျူးခဲ့သည်။

ထို့ပြင် မန်စီးတီးအသင်း၏ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းနားသည် လက်ရှိဘောလုံးလောက၏ အကောင်းဆုံးကစားသမား (၃)ဦးစာရင်းတွင် ပါဝင်သည်ဟုယူဆနိုင်သည့် အဆင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် သူသည် ဂစ်နှင့် ဂျရတ်တို့လို ကစားသမားမျိုးဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ရွန်နီသည် Sunday Times သတင်းစာတွင် ရေးသားခဲ့သည့် ချန်ပီယံလိဂ်ပွဲကြိုကဏ္ဍ၌ ယင်းကဲ့သို့သုံးသပ်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ''ချန်ပီယံလိဂ်ဖလားက ဂွါဒီယိုလာ အလိုချင်ဆုံးဆုဖလားဖြစ် သလို၊ မန်စီးတီးအသင်းအတွက်လည်း နောက်တစ်ဆင့်တက်ဖို့အတွက် လိုအပ်နေတဲ့ဖလားဖြစ်ပါတယ်။ ကျွန်တော့်အမြင်တော့ သူတို့အသင်းက ရီးယဲလ်မက်ဒရစ်ကိုကျော်ပြီး ကွာတားဖိုင်နယ်ကို တက်ဖို့ရှိနေပြီး၊ ဒီရာ သီချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ အခြေအနေကောင်းပါတယ်''ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒီဘရိုင်းနားနှင့်ပတ်သက်၍လည်း ''သူ့ကိုမြင်ရတာ စတီဗင်ဂျရတ်ကို ပြန်အမှတ်ရစေပါတယ်။ သူက ညာခြမ်းမှာနေရာယူပြီး တိုက်စစ်အတွက် အကောင်းဆုံးပေးပို့မှုတွေ လုပ်ပါတယ်။ ဒါဟာ ဂျရတ်ကစားခဲ့တဲ့ ပုံစံပါပဲ။ မန်စီးတီးအသင်းရဲ့ အဓိကလက်နက်ပုန်းဖြစ်ပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး (၃)ဦးစာရင်းထဲမှာ ထည့်လို့ရသူပါ။ ဒီဘရိုင်းနားနဲ့ ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရတာ ဘယ်တော့မှ မလွယ်ကူပါဘူး။ မန်စီးတီးကစားပုံကို ကြည့်ပါ။ ဒီဘရိုင်းနား ဘောလုံးရတာနဲ့ အသင်းဖော်တွေက စပြေးကြတော့တာပဲ။ ဒါဟာ အသင်းဖော်တွေရဲ့ အကောင်းဆုံးချီးကျူးမှုလည်း ဖြစ်ပါတယ်။ ကျွန်တော် ရိုင်ယန်ဂစ်နဲ့ တွဲကစားတုန်းကလည်း သူ ဘောလုံးရတာနဲ့ ပြေးတာပဲ။ ဂစ်က ကျွန်တော့်ဆီကို ရောက်အောင်ပေးမယ်ဆိုတာ ကျွန်တော် သိလို့ပါ''ဟု ရေးသားခဲ့သည်။

Most Read

Most Recent