မော်ရင်ဟိုနှင့် အဆင်မပြေဟု သတင်းများ ထွက်ပေါ်ခဲ့သည့် ကွင်းလယ်လူ အန်ဒွန်ဘီလီကို ယူရိုသန်း(၆၀) ရလျှင် စပါး ရောင်းချမည်

မော်ရင်ဟိုနှင့် အဆင်မပြေဟု သတင်းများ ထွက်ပေါ်ခဲ့သည့် ကွင်းလယ်လူ အန်ဒွန်ဘီလီကို ယူရိုသန်း(၆၀) ရလျှင် စပါး ရောင်းချမည်
Photos : Getty Images
Photos : Getty Images
Published 2 August 2020

အန်ဒွန်ဘီလီသည် စပါးအသင်းတွင် နည်းပြဖြစ်သူ မော်ရင်ဟိုနှင့် အဆင်မပြေဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ၎င်းအား စပိန်ကလပ် ဘာစီလိုနာ၊ ပြင်သစ်ကလပ် PSG အသင်းတို့က ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

စပါးအသင်းသည် ၎င်းတို့၏ ပြင်သစ်ကွင်းလယ်လူ အန်ဒွန်ဘီလီအား ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)ရရှိလျှင် ရောင်းချသွားမည်ဖြစ်ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။ 

စပါးအသင်းသည် ပြီးခဲ့သည့် ၂၀၁၉ နွေရာသီ အပြောင်းအရွှေ့ကာလက အန်ဒွန်ဘီလီအား ပြင်သစ်ကလပ် လိုင်ယွန်အသင်းထံမှ ယူရို (၆၅)သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အန်ဒွန်ဘီလီသည် စပါးအသင်းတွင် နည်းပြဖြစ်သူ မော်ရင်ဟိုနှင့် အဆင်မပြေဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ၎င်းအား စပိန်ကလပ် ဘာစီလိုနာ၊ ပြင်သစ်ကလပ် PSG အသင်းတို့က ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

သို့သော် စပါးအသင်းတာဝန်ရှိသူများသည် အန်ဒွန်ဘီလီအား ပြောင်းရွှေ့ကြေးများစွာ လျှော့ချပြီးရောင်းရန်ဆန္ဒမရှိဘဲ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)ရရှိမှသာ ရောင်းချရန် စဉ်းစားမည်ဖြစ်ကြောင်း ESPN က ဖော်ပြခဲ့သည်။

Most Read

Most Recent