တစ်ကမ္ဘာလုံးတွင် ၁၀ စီးသာရောင်းသည့် ပေါင် ၈ ဒသမ ၅ သန်းတန် ကားကိုစီရော်နယ်လ်ဒို ဝယ်ယူ

တစ်ကမ္ဘာလုံးတွင် ၁၀ စီးသာရောင်းသည့် ပေါင် ၈ ဒသမ ၅ သန်းတန် ကားကိုစီရော်နယ်လ်ဒို ဝယ်ယူ
Photos : Getty Images
Photos : Getty Images
Published 2 August 2020

စီရော်နယ်လ်ဒိုသည် သန်းနှင့်ချီ၍ အဖိုးတန်သည့်ကားများ ဝယ်ယူစုဆောင်းရခြင်းကို ၀ါသနာပါသူဖြစ်ပြီး ယခင်ကလည်း Ferriri၊ Rolls Royces၊ BMW၊ Mc Laren၊ Bugatti ကားများ ဝယ်ယူထားပြီးဖြစ်သည်။ ယခုထပ်မံ ဝယ်ယူလိုက်သည့် Bugatti Centodieci ကားမှာ တစ်ကမ္ဘာလုံးတွင် ၁၀ စီးသာ ထုတ်လုပ်ရောင်းချပြီး Bugatti ၏ နှစ် ၁၁၀ ပြည့် အထိမ်းအမှတ်အဖြစ် ရောင်းချခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော် နယ်လ်ဒိုသည် တစ်ကမ္ဘာလုံးတွင် ၁၀ စီးသာ ထုတ်လုပ်ရောင်းချသည့် ပေါင် ၈ ဒသမ ၅ သန်းတန် Bugatti Centodieci အမျိုးအစား ကားကို ဝယ်ယူခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် သန်းနှင့်ချီ၍ အဖိုးတန်သည့်ကားများ ဝယ်ယူစုဆောင်းရခြင်းကို ၀ါသနာပါသူဖြစ်ပြီး ယခင်ကလည်း Ferriri၊ Rolls Royces၊ BMW၊ Mc Laren၊ Bugatti ကားများ ဝယ်ယူထားပြီးဖြစ်သည်။ ယခုထပ်မံ ဝယ်ယူလိုက်သည့် Bugatti Centodieci ကားမှာ တစ်ကမ္ဘာလုံးတွင် ၁၀ စီးသာ ထုတ်လုပ်ရောင်းချပြီး Bugatti ၏ နှစ် ၁၁၀ ပြည့် အထိမ်းအမှတ်အဖြစ် ရောင်းချခြင်းဖြစ်သည်။

မြင်းကောင်ရေ ၁၆၀၀ အား အသုံးပြုထားသည့် ယင်းကားသစ်မှာ အမြင့်ဆုံး တစ်နာရီ လျှင် ၂၃၆ မိုင်နှုန်းအထိ မောင်းနှင်နိုင်ပြီး ၂ ဒသမ ၄ စက္ကန့်အတွင်း သုညအမှတ်မှ တစ်နာရီ မိုင် ၆၀ နှုန်းအထိ မြှင့်တင်နိုင်စွမ်းရှိကြောင်း သိရသည်။ ထို့ပြင် စီရော်နယ်လ်ဒို သည် စီးရီးအေချန်ပီယံဆုရရှိပြီးနောက် ပေါင် ၅ ဒသမ ၅ သန်းတန်ဖိုးရှိသည့် ရွက်လှေတစ်စင်းကိုလည်း ဝယ်ယူထားသည်။ 

စီရော်နယ်လ်ဒို၏ ဇိမ်ခံရွက်လှေတွင် အခန်းငါးခန်း၊ ရေချိုး ခန်းခြောက်ခန်း၊ အပန်းဖြေနားနေနိုင်သည့် နေရာနှစ်ခု၊ ကြီးမားသည့်ဧည့်ခန်း၊ စားသောက်ခန်းနှင့် မီးဖိုချောင်တစ်ခုစီ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent