ဂရီးဇ်မန်း၊ ဒမ်ဘီလီနှင့် လွန်းဂလတ်တို့ လေ့ကျင့်ခန်း ပြန်ဆင်း 

ဂရီးဇ်မန်း၊ ဒမ်ဘီလီနှင့် လွန်းဂလတ်တို့ လေ့ကျင့်ခန်း ပြန်ဆင်း 
Photo: Getty Images
Photo: Getty Images
Published 29 July 2020

ဘာစီလိုနာအသင်းတွင် ဒဏ်ရာရကစားသမားများဖြစ်သည့် ဂရီးဇ်မန်း၊ ဒမ်ဘီလီနှင့် လွန်းဂလတ်တို့သည် အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် သြဂုတ်လ (၈)ရက်တွင် နာပိုလီအသင်းနှင့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းတွင် ကစားရမည်ဖြစ်ပြီး ဒဏ်ရာရကစားသမားများ လေ့ကျင့်ခန်းပြန်ဆင်းခြင်းမှာ အသင်းအတွက် သတင်းကောင်း ဖြစ်ခဲ့သည်။ 

ဂရီးဇ်မန်းသည် ဇူလိုင် (၁၁)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဗယ်လာဒိုလစ် (၀-၁) ဘာစီလိုနာပွဲတွင် ကြွက်သားဒဏ်ရာရရှိခဲ့ပြီး နောက်ခံလူ လွန်းဂလတ်မှာ ဇူလိုင်လ (၁၉)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် အလာဗတ်စ် (၀-၅) ဘာစီလိုနာပွဲတွင် ပေါင်ခြံဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ 

ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီမှာမူ တံကောက်ကြောဒဏ်ရာကြောင့် ဖေဖော်ဝါရီလ (၃)ရက်ကတည်းက အနားယူနေရခဲ့ပြီး ယခုအချိန်တွင်မှ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်းသည် အသင်းကစားသမားများဖြစ်သည့် ဂရီးဇ်မန်း၊ ဒမ်ဘီလီနှင့် လွန်းဂလတ်တို့ အသင်းနှင့် လေ့ကျင့်ခန်းပြန်ဆင်းကြောင်းသာ ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနေဖြင့် နာပိုလီနှင့်ပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိ၊ မရှိကိုမူ အတည်ပြုခဲ့ခြင်း မရှိပေ။ 

Most Read

Most Recent