ဒီဘားလား စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဟု ပါရာတီချီ အတည်ပြု

ဒီဘားလား စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဟု ပါရာတီချီ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 28 July 2020

ဂျူဗင်တပ်စ်အသင်း၏ ဘောလုံးအရာရှိချုပ် ပါရာတီချီက အဓိကတိုက်စစ်မှူး ဒီဘားလားသည် စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဖြစ်သည်ဟု အတည်ပြုခဲ့သည်။ 

အသက် (၂၆)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားနှင့် ဂျူဗင်တပ်စ်အသင်းတို့ ချုပ်ဆိုထားသည့် လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ် ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

ဒီဘားလားသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် နီးစပ်ခဲ့သော်လည်း ဂျူဗင်တပ်စ်အသင်းသည် စီရော်နယ်လ်ဒို ထွက်ခွာသွားပြီးနောက်မှာ ဒီဘားလားမှာ အသင်း၏အဓိက ကစားသမားဖြစ်လာမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။ 

ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းသည် ဒီဘားလားကို နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ပြီး ဆွေးနွေးမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပါရာတီချီက ဆိုခဲ့ခြင်းဖြစ်သည်။

ပါရာတီချီက "သူ့ကိုယ်စားလှယ်တွေနဲ့ မကြာခဏ ဆွေးနွေးနေတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အခက်အခဲတချို့ရှိပေမယ့် ရှေ့ကို ခရီးရောက်ပါတယ်။ တော်တော်လေးအဆင်မြင့်တဲ့ ဆွေးနွေးမှုတွေကို ရောက်နေပါပြီ"ဟု အတည်ပြုခဲ့သည်။

ဒီဘားလားသည် ဂျူဗင်တပ်စ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၄၅)ပွဲတွင် (၁၇)ဂိုး သွင်းယူပေးထားသည်။ 

Most Read

Most Recent