ကော်တင်ဟိုအတွက် ဘာစီလိုနာနှင့် အာဆင်နယ် ဆွေးနွေးနေဟု The Sun ဖော်ပြ

ကော်တင်ဟိုအတွက် ဘာစီလိုနာနှင့် အာဆင်နယ် ဆွေးနွေးနေဟု The Sun ဖော်ပြ
Photos: Getty Images
Photos: Getty Images
Published 21 July 2020

ဘာစီလိုနာအသင်းနှင့် အာဆင်နယ်အသင်းတို့သည် ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟို၏ အပြောင်းအရွှေ့အတွက် ဆွေးနွေးနေကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုကို ရောင်းထုတ်ရန် ဆန္ဒရှိနေပြီး ဂန်ဒူဇီနှင့် အလိုက်ပေးကမ်းလှမ်းရန် အာဆင်နယ်အသင်းအား တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ 

အာဆင်နယ်အသင်းသည် ပြင်သစ်ကွင်းလယ်ကစားသမား ဂန်ဒူဇီကို ယခုနောက်ပိုင်းပွဲစဉ် များတွင် အသုံးပြုခြင်းမရှိတော့ဘဲ ရောင်းထုတ်သွားရန် သို့မဟုတ် ကစားသမားသစ်ခေါ်ယူရာတွင် အလိုက်ပေးကမ်းလှမ်း သွားရန် စီစဉ်နေကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။ 

ကော်တင်ဟိုကလည်း ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်း ရွှေ့ကစားရန် ဆန္ဒရှိနေပြီး ၎င်းကို ခေါ်ယူရန် အာဆင်နယ်အသင်း၏ မြို့ခံပြိုင်ဘက် စပါးအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်ကစားသမား ကော်တင်ဟိုသည် ဘာစီလိုနာအသင်းတွင် နေရာမရသဖြင့် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းထံသို့ တစ်ရာသီအငှားဖြင့် သွားရောက်ခဲ့ရသည်။ 

၎င်းသည် ဘိုင်ယန်မြူးနစ်အသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၃၄)ပွဲတွင် (၉)ဂိုး သွင်းယူပေးထားသည်။ 

Most Read

Most Recent