မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ တမူး၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်းများ၌ ဒေါ်လာ၊ ယွမ်၊ ရူပီး၊ ဘတ်၊ ကျပ်ငွေတို့ဖြင့် တင်ပို့ခွင့်ပြုထားပြီး ငါးလအတွင်း နယ်စပ်တွင် ပေါ်ပေါက်ခဲ့သော ငွေကြေးလဲလှယ်နှုန်းများအရ ဒေါ်လာနှင့်ညီမျှသည့် ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၀၉၂ သန်းကျော်ရှိ

မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ တမူး၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်းများ၌ ဒေါ်လာ၊ ယွမ်၊ ရူပီး၊ ဘတ်၊ ကျပ်ငွေတို့ဖြင့် တင်ပို့ခွင့်ပြုထားပြီး ငါးလအတွင်း နယ်စပ်တွင် ပေါ်ပေါက်ခဲ့သော ငွေကြေးလဲလှယ်နှုန်းများအရ ဒေါ်လာနှင့်ညီမျှသည့် ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၀၉၂ သန်းကျော်ရှိ
မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
Published 16 July 2020
နီလာ

မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ တမူး၊ လွယ်ဂျယ် စသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများ၌ ဒေါ်လာ၊ ယွမ်၊ ရူပီး၊ ဘတ်နှင့် ကျပ်ငွေတို့ဖြင့် တင်ပို့ခွင့်ပြုထားပြီး ငါးလအတွင်း နယ်စပ်တွင် ပေါ်ပေါက်ခဲ့သော ငွေကြေးလဲလှယ်နှုန်းများအရ ဒေါ်လာနှင့်ညီမျှသည့် ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၀၉၂ သန်းကျော်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပပို့ကုန်/သွင်းကုန် စာရင်းဇယားများ ပြည့်စုံမှန်ကန်မြန်ဆန်စွာ ပြုစုရေးအဖွဲ့မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဖေဖော်ဝါရီအထိ နယ်စပ်တွင် ပေါ်ပေါက်နေသော ငွေကြေးလဲလှယ်နှုန်းများအရ ဒေါ်လာနှင့်ညီမျှသည့် ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၃၀၉၂ ဒသမ ၅၇ သန်းရှိ၍ ယခင်နှစ် ကာလတူထက် ၄ ဒသမ ၇၉ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

ငွေကြေးအမျိုးအစားအလိုက် လက်ရှိဘဏ္ဍာနှစ် ငါးလအတွင်း ပို့ကုန်မှာ ကျပ်ငွေဖြင့် ၃၈၆၇၇၆ ဒသမ ၂၇ သန်းနှင့် ဒေါ်လာဖြင့် ၂၇၃၉ ဒသမ ၀၉ သန်းရှိကြောင်း သိရသည်။

စုစုပေါင်းသွင်းကုန်မှာ လက်ရှိဘဏ္ဍာ နှစ် အောက်တိုဘာမှ ဖေဖော်ဝါရီအထိ ငါး လအတွင်း ဒေါ်လာ ၈၇၃၄ ဒသမ ၅၃ သန်း ရှိ၍ ယခင်နှစ်ကာလတူထက် ၁၇ ဒသမ ၄၆ ရာခိုင်နှုန်း တိုးလာသည်။

ငွေကြေးအမျိုးအစားအလိုက် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဖေဖော်ဝါရီအထိ စုစုပေါင်း သွင်းကုန်မှာ ဒေါ်လာ ၈၇၁၂ ဒသမ ၄၈ သန်းနှင့် ကျပ်ငွေဖြင့် ၃၃၁၂၄ ဒသမ ၆၀ သန်းရှိကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် စုစုပေါင်း နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၈ ဒသမ ၃ ဘီလျံကျော်ရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၁၃၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၃ ရက်အထိ စုစုပေါင်း နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၈ ဒသမ ၃၇၄ ဘီလျံရရှိထားသည်။ ယခင်နှစ်ကာလတူ တွင်မူ ဒေါ်လာ ၈ ဒသမ ၂၄၂ ဘီလျံရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် စုစုပေါင်း နယ်စပ်ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၃၂ ဒသမ ၇၁၉ သန်း ပိုမိုကုန်သွယ်ထား ခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း မြန်မာ-တရုတ် အဓိကကုန်သွယ်မှု ဆောင်ရွက်နေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်ရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ သန်း ၁၇၀ ကျော် လျော့ကျခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်နေသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ မယ်စဲ့၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ်၊ ထန်တလန်နှင့် ကျိုင်းလပ်  စသည့်နယ်စပ် ကုန်သွယ်ရေး စခန်း ၁၈ ခုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ ရေထွက်ကုန်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်များကို အဓိက တင်ပို့နေခြင်းဖြစ်သည်။

ပြည်ပမှ တင်သွင်းသည့် သွင်းကုန်များမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်မှုကုန်ချော (CMP) ကုန်ကြမ်းပစ္စည်း စသည် တို့ဖြစ်သည်။

 

Most Read

Most Recent