လက်ရှိပြန်လည်ဖွင့်လှစ်နေသည့် ဟိုတယ်နှင့် တည်းခိုခန်း ၁၂၅၅ လုံးရှိပြီဖြစ်သော်လည်း ပြည်တွင်းခရီးသွားဝင်ရောက်မှု ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အထိသာရှိနေသဖြင့် ဟိုတယ်နှင့် တည်းခိုခန်းများအနေဖြင့် အခန်းလေးပုံတစ်ပုံသာ ဝန်ထမ်းများအလုပ်ရှိနေစေရန် ဖွင့်လှစ်နေရဟုဆို

လက်ရှိပြန်လည်ဖွင့်လှစ်နေသည့် ဟိုတယ်နှင့် တည်းခိုခန်း ၁၂၅၅ လုံးရှိပြီဖြစ်သော်လည်း ပြည်တွင်းခရီးသွားဝင်ရောက်မှု ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အထိသာရှိနေသဖြင့် ဟိုတယ်နှင့် တည်းခိုခန်းများအနေဖြင့် အခန်းလေးပုံတစ်ပုံသာ ဝန်ထမ်းများအလုပ်ရှိနေစေရန် ဖွင့်လှစ်နေရဟုဆို
 ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်တစားလာရောက်လည်ပတ်ကြသည့် ကလောမြို့ရှိ  ဟိုတယ်တစ်ခုအား တွေ့ရစဉ်
ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်တစားလာရောက်လည်ပတ်ကြသည့် ကလောမြို့ရှိ  ဟိုတယ်တစ်ခုအား တွေ့ရစဉ်
Published 15 July 2020

လက်ရှိချိန်တွင် ပြန်လည်ဖွင့်လှစ်နေသည့် ဟိုတယ်နှင့် တည်းခိုခန်း ၁၂၅၅ လုံးရှိပြီဖြစ်သော်လည်း ပြည်တွင်းခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိသာရှိနေသဖြင့် ဟိုတယ်နှင့် တည်းခိုခန်းများအနေဖြင့် အခန်းလေးပုံတစ်ပုံသာ ဝန်ထမ်းများအလုပ်ရှိနေစေရန် ဖွင့်လှစ်နေရကြောင်း  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၏ ပြောကြားချက်အရသိရသည်။

အဆိုပါပြောကြားမှုကို ဒုတိယဝန်ကြီးက ၂၀၂ဝပြည့်နှစ်၊ ဇူလိုင် ရရက် ကပြုလုပ်သည့် အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၀) အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတကာလေဆိပ်များ ပိတ်ထားခြင်းအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်အထိ တိုးမြှင့်ထားခဲ့ပြီး Rescue Flight များမှအပ ဒေသတွင်း schedule flight များလည်း ပျံသန်းခြင်းမရှိသေးသည့်အတွက် ပြည်ပခရီးသွားများအား ဦးတည်ချက်ထားသည့် ဟိုတယ်လုပ်န်းများနှင့် ခရီးသွားလုပ်ငန်းများမှ လုံးဝနီးပါးရပ်ဆိုင်းသည့် အနေအထားဖြစ်နေကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဧပြီ Stay Home ကာလတွင် ရွှေစက်တော်ဘုရားပွဲကဲ့သို့ ရာသီအလိုက်ကျင်းပသည့် ဘုရားပွဲများ သင်္ကြန်ပွဲကဲ့သို့ ရိုးရာပွဲတော်များ အားလုံးရပ်ဆိုင်းသွားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နယ်ကျော် ခရီးသွားလာခြင်းများကိုလည်း ကန့်သတ်လိုက်သည့်အတွက် ပြည်တွင်းခရီးသွား လုပ်ငန်းသည် လုံးဝရပ်ဆိုင်းသွားပြီး တစ်နိုင်ငံလုံးရှိ ဝန်ကြီးဌာန လိုင်စင်ရဟိုတယ်နှင့် တည်းခိုခန်း ၂၀၆၃ခု အနက် ၆၆၃ ခုသာ ဖွင့်လှစ်ထားပြီး ၁၄၀၀ မှာ ပိတ်သိမ်းသွားခဲ့ပြီး သုံးပုံတစ်ပုံသာ ဆက်ဖွင့်နိုင်ပြီး သုံးပုံနှစ်ပုံ ပိတ်သိမ်းသွားသည့် အနေအထားဖြစ်ကြောင်း၊ လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတ်မှတ်ညွှန်ကြားချက်များနှင့် အညီအစစ်ဆေးခံကာ Social Distancing ဖြင့် ပြန်လည်ဖွင့်လှစ်သည့် ဟိုတယ်နှင့် တည်းခိုခန်း ၁၂၅၅ လုံးရှိလာသော်လည်း  ပြည်တွင်းခရီးသွားဧည့်သည် ဝင်ရောက်မှုသည် နေရာဒေသကိုလိုက်ကာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာ ခိုင်နှုန်းအထိသာရှိနေပြီး ဟိုတယ်နှင့် တည်းခိုခန်းများအနေဖြင့် Full Capacity မဖွင့်နိုင်ဘဲ အခန်းလေးပုံတစ်ပုံကိုသာ ဝန်ထမ်းများ အလုပ်ရှိနေစေရန် ထိန်းဖွင့်လှစ်နေသည့် အနေအထားလို့ သိရှိရကြောင်း၊ အစောဆုံး ပြည်ပဧည့်သည် ပြန်လည်ဝင်ရောက်နိုင်ရန် မျှော်လင့်သည့်အချိန်မှာ စက်တင်ဘာလဖြစ်သော်လည်း စုံစမ်းမှုသာရှိပြီး လေဆိပ်ပြန်လည်ဖွင့်လှစ်မည့်အချိန်နှင့် လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲမည့်အချိန်များနှင့် ပတ်သက်ပြီး တိတိကျကျ ဖြေကြားနိုင်သည့် အနေအထားမရှိသေးသည့်အတွက် confirm booking လက်ခံရရှိခြင်း မရှိသေးကြောင်း စသည့်အချက်များအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးမင်းကျော်ဦးက “နိုင်ငံတော်မှ COVID-19 Fund မှ ချေးငွေထုတ်ပေးရာတွင် သတ် မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရာတွင် အချို့ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ခြောက်လစာပေးနိုင်ရန်ပင် လုံလောက်မှုမရှိကြောင်း၊ ချေးငွေအတွက် လိုအပ်ချက်များ ဖြည့်သွင်းရာတွင် အားနည်းမှုကြောင့် အချို့ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ယခုအချိန်အထိ ချေးငွေရရှိခြင်းမရှိသေးကြောင်း ရန်ကုန်မြို့နှင့် အနီးဆုံးဖြစ်သည့် ပဲခူးမြို့ရှိ ဟိုတယ်များသည်ပင် ချေးငွေရရှိခြင်းမရှိ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံနှင့် ဆွေး နွေးမှုတွင် တင်ပြဆွေးနွေးခဲ့သည်။

Most Read

Most Recent