COVID-19 ကာလ နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှု နည်းပါးခြင်းကြောင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်လုပ်ငန်းများနှင့် တည်းခိုနေထိုင်ရေးကဏ္ဍများတွင် ဝင်ငွေရရှိမှု ၅၀ ရာခိုင်နှုန်းကျော် ကျဆင်း

COVID-19 ကာလ နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှု နည်းပါးခြင်းကြောင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်လုပ်ငန်းများနှင့် တည်းခိုနေထိုင်ရေးကဏ္ဍများတွင် ဝင်ငွေရရှိမှု ၅၀ ရာခိုင်နှုန်းကျော် ကျဆင်း
 ရန်ကုန်တိုင်း မြို့နယ်တစ်ခုအတွင်း ဖွင့်လှစ်နေသည့် လက္ဘက်ရည်ဆိုင်တစ်ဆိုင်၌ ဆိုင်ထိုင်စားသောက်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - မျိုးထက်ပိုင်)
ရန်ကုန်တိုင်း မြို့နယ်တစ်ခုအတွင်း ဖွင့်လှစ်နေသည့် လက္ဘက်ရည်ဆိုင်တစ်ဆိုင်၌ ဆိုင်ထိုင်စားသောက်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - မျိုးထက်ပိုင်)
Published 7 July 2020
  ရွှန်းလဲ့ဝင်း

COVID-19 ကာလ၌ နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှု နည်းပါးခြင်းကြောင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်လုပ်ငန်းများနှင့် တည်းခိုနေထိုင်ရေးကဏ္ဍများတွင် ဝင်ငွေရရှိမှု ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေးသက်ရောက်မှု စစ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

COVID-19 ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများ၊ အသေးစားအလတ်စားလုပ်ငန်းများအပေါ် သက်ရောက်နေသည့် အခြေအနေနှင့် အချက်အလက်များကို သိရှိစေရန်နှင့် ကုစားနိုင်ရေးအတွက် အဆိုပါ COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေးသက်ရောက်မှု စစ်တမ်းအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြုစုခဲ့ခြင်းဖြစ်သည်။

COVID-19 ကာလ ခရီးသွားလုပ်ငန်း၏ ဝင်ငွေရရှိမှုအခြေအနေအား ယမန်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ကြည့်ပါက ခရီးသွားလုပ်ငန်း ကျဆင်းလာခြင်းနှင့်အတူ ဆက်စပ်လုပ်ငန်းကဏ္ဍများဖြစ်သည့် စားသောက်ဆိုင်လုပ်ငန်းများမှ ရရှိသည့် ဝင်ငွေမှာ ၂၀၁၉ခုနှစ်(ဇန်နဝါရီလ မှ မေလ အထိ) အမေရိကန်ဒေါ်လာ ၁၂၅.၄၉၃ သန်း ရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီလမှ မေလအထိ)  အမေရိကန်ဒေါ်လာ ၅၈.၅၄၅ သန်းသာ ရရှိပြီး ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တည်းခိုနေထိုင်ရေးကဏ္ဍတွင်လည်း ၂၀၁၉ခုနှစ် (ဇန်နဝါရီလ မှ မေလအထိ) အမေရိကန်ဒေါ်လာ ၂၇၃.၈၀၄ သန်း ဝင်ငွေရရှိခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီလမှ မေလအထိ)  အမေရိကန်ဒေါ်လာ ၁၂၇.၇၃၅ သန်းအထိ ဝင်ငွေကျဆင်းခဲ့ပြီး ဝင်ငွေအားဖြင့် ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ၌ COVID-19 မဖြစ်မီ ကာလက ဝန်ထမ်းအင်အား ၉၂၅၁၉ ဦး ရှိခဲ့သော်လည်း COVID-19 ကာလ၌ စီးပွားရေးကျဆင်းမှုကြောင့် ဝန်ထမ်းဦးရေ နှစ်သောင်းကျော် လျော့နည်းသွားပြီး ဝန်ထမ်းဦးရေ ၂၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေးသက်ရောက်မှုစစ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

COVID-19 ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများ၊ အသေးစားအလတ်စားလုပ်ငန်းများအပေါ် သက်ရောက်နေသည့် အခြေအနေနှင့် အချက်အလက်များကို သိရှိစေရန်နှင့် ကုစားနိုင်ရေးအတွက် အဆိုပါ COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေးသက်ရောက်မှု စစ်တမ်းအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြုစုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

COVID-19 ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများနှင့် ချိတ်ဆက်လုပ်ကိုင်သော ခရီးသွားကုမ္ပဏီ အရေအတွက်မှာလည်း ယခင်က ၁၄၄၈ ခုရှိခဲ့ရာမှ COVID-19 ကာလတွင် ကုမ္ပဏီ ၇၄၃ ခုသာ ကျန်ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၄၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်နေကြသော ဧည့်လမ်းညွှန်အရေအတွက်မှာလည်း COVID-19 မဖြစ်မီကာလတွင် ၁၂၅ ဦးရှိခဲ့ပြီး COVID-19 ကြောင့် ၂၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ရာ ၉၅ ဦးသာ ဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။

ဟိုတယ်နှင့် တညး်ခိုရိပ်သာ၏ လုပ်ငန်းများဖြစ်သည့် KTV၊ SPA နှင့် အခြားအသေးစား ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် COVID-19 မဖြစ်ပွားမီ လုပ်ငန်းပေါင်း ၂၃၈ ခု ရပ်တည်နိုင်ခဲ့သော်လည်း COVID-19 ကြောင့် လုပ်ငန်းပေါင်း ၁၈၂ ခု ရပ်နားခဲ့ရပြီး လက်ရှိလုပ်ကိုင်နေသော လုပ်ငန်း ၅၆ ခုသာ ကျန်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စီးပွားရေးထိခိုက်နစ်နာမှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

လက်ရှိမှာ ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်သော်လည်း COIVD-19 ကာလ မပြီးဆုံးသေးသဖြင့် ခရီးသွားလုပ်ငန်းအခြေအနေကို ခန့်မှန်းရန် ခက်ခဲနေသေးပြီး လက်ရှိတွင် ၅၅ ရာခိုင်နှုန်းသို့ ကျဆင်းကာ ကျန်လများတွင်လည်း ပိုမိုလျော့ကျသွားရန်သာ ရှိနေသည်ဟု စစ်တမ်းများက ဖော်ပြသည်။

လက်ရှိမြန်မာနိုင်ငံသို့ ဝင်ရောက်သည့် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ အနည်းဆုံးအနေအထားဖြစ်နေပြီး ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်လာစေရေးအတွက် SOP များ ရေးဆွဲခြင်း၊ National Tourism Guideline များ ရေးဆွဲခြင်းများ ပြုလုပ်ကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း သိရသည်။

         

                 

Most Read

Most Recent