ဘရာဇီးနိုင်ငံ အတွင်းပိုင်း၏ မြို့ငယ်များတွင် COVID-19 ပျံ့နှံ့မှုက အဓိကမြို့ကြီးများတွင် တစ်ကျော့ပြန်ကူးစက်မည့် အန္တရာယ်ရှိနေ

ဘရာဇီးနိုင်ငံ အတွင်းပိုင်း၏ မြို့ငယ်များတွင် COVID-19 ပျံ့နှံ့မှုက အဓိကမြို့ကြီးများတွင် တစ်ကျော့ပြန်ကူးစက်မည့် အန္တရာယ်ရှိနေ
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် စျေးတစ်ခုအနီးဖြတ်သန်းသွားလာနေသူများအား ဇွန် ၂၅ ၌ တွေ့ရစဉ် (Photo: AP)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် စျေးတစ်ခုအနီးဖြတ်သန်းသွားလာနေသူများအား ဇွန် ၂၅ ၌ တွေ့ရစဉ် (Photo: AP)
Published 27 June 2020
Ref: Reuters

ဘရာဇီးနိုင်ငံ၏အတွင်းပိုင်းရှိ မြို့ငယ်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် ဆေးဘက်ဆိုင်ရာ ကုသပေးမှု နည်းပါးခြင်းကြောင့် လူနာများသည် မြို့ပြစင်တာများသို့ မဖြစ်မနေ သွားရောက်ရနိုင်မှုကြောင့် အဓိက မြို့ကြီးများတွင် Boomerang effect ဟု ခေါ် ဆိုသော တစ်ကျော့ပြန်ကူးစက်မည့် အန္တရာယ် ရှိနိုင်သည်ဟု ပညာရှင်များက ပြောကြားခဲ့ သည်။

မြို့ပြစင်တာများတွင် ဗိုင်းရပ်စ်ကူးစက်မှုသစ် ဒုတိယလှိုင်းအလားအလာ၏  အကျိုး သက်ရောက်မှုက စီးပွားရေးလုပ်ငန်းများ ပြန် လည်ဖွင့်လှစ်ရန်နှင့် စီးပွားရေးအခြေအနေ ပြန်လည်ကောင်းမွန်စေရန် ကြိုးပမ်းမှုများကို ရှုပ်ထွေးမှုဖြစ်စေနိုင်သည်ဟု ပညာရှင်များက ပြောကြားခဲ့သည်။

“Boomerang ကူးစက်မှုတွေက ပြည် နယ်မြို့တော်တွေမှာ တစ်ကျော့ပြန်ဖြစ် လာ မယ်ဆိုရင် ဆူနာမီတစ်ခုလို ဖြစ်လိမ့်မယ်” ဟု ဘရာဇီးအရှေ့မြောက်ပိုင်း ပြည်နယ်အစိုးရ များ၏ ကိုရိုနာဗိုင်းရပ်စ်အထူးလုပ်ငန်းအဖွဲ့ နှင့် ညှိနှိုင်းဆောင်ရွက်နေသည့် Duke တက္က သိုလ်မှ ဦးနှောက်နှင့် အာရုံကြောပါရဂူ Miguel Nicolelis က ပြောကြားခဲ့သည်။

အမေရိကန်ပြီးလျှင် ကမ္ဘာတွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်သော ဘရာဇီး နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူ ၁.၂ သန်းကျော်ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၅၀၀၀ ကျော်ရှိလာပြီဖြစ် သည်။ နေ့အများစုတွင် ဘရာဇီးသည် အမေရိကန်ထက်ပင် ကူးစက်ပျံ့နှံ့မှုမြန်ဆန်ခဲ့ပြီး နေ့စဉ် ကူးစက်မှုအများဆုံးနိုင်ငံစာရင်းတွင် ရပ်တည်နေသည်။

ဘရာဇီးတွင် ကနဦးဗိုင်းရပ်စ်ကူးစက်မှုသည် လေဆိပ်များမှတစ်ဆင့် ဝင်ရောက်လာ ပြီး မြို့ကြီးများသို့ ပျံ့နှံ့ခဲ့သော်လည်း  မေ နှောင်းပိုင်းတွင် ပြည်တွင်းဗိုင်းရပ်စ်ကူးစက်မှုသည် ပုုိမိုမြန်ဆန်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ဗိုင်းရပ်စ် ကူးစက်မှုသစ် ၆၀ ရာခိုင်နှုန်းသည် မြို့ငယ် များတွင် တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ မြို့ကြီးများ၏အပြင်ဘက်တွင် သေဆုံးမှုနှုန်းများ မြင့်တက် လာပြီး ဘရာဇီးတွင် နေ့စဉ်သေဆုံးမှုနှုန်းများ ၏ ထက်ဝက်နီးပါး ရှိလာခဲ့သည်။

ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ဗိုင်း ရပ်စ်ပြင်းထန်မှုကို အရေးမကြီးသည့် ဟန် သဘောထားခဲ့ပြီး ကုသပျောက်ကင်းနိုင်သော ဆေးဟု သက်သေအထောက်အထား မပြနိုင် သော ံ Hydroxychloroquine  ဆေးကို တိုး မြှင့်ထုတ်လုပ်ရန် တိုက်တွန်းနေစဉ်ဘရာဇီး ၏ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း တုံ့ပြန် မှုနှင့်ပတ်သက်ပြီး ကျန်းမာရေးပညာရှင်များ က ဝေဖန်ခဲ့ကြသည်။

ဘရာဇီး၏မြို့ကြီးများအပြင်ဘက် တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေစဉ် ဆရာဝန်များ သည် ဖိအားများကို ရင်ဆိုင်နေရသည်။   ဘရာ ဇီးရှိမြူနီစီပယ်မြို့များ၏၁၀ ရာခိုင်နှုန်းခန့် တွင်သာ အထူးကြပ်မတ်ကုသဌာနများရှိ ကြောင်း ပြည်သူ့ကျန်းမာရေး အဖွဲ့က Fundação Oswaldo Cruz (Fiocruz) က ထုတ်ပြန်ခဲ့ သည်။ ယင်းသည် အပြင်းအထန်နာမကျန်း ဖြစ်နေသည့် လူနာများကို မြို့များသို့ ပို့ဆောင် ရန် လိုအပ်သည်ဆိုသော သဘောဖြစ်သည်။

“ဗိုင်းရပ်စ်က အတွင်းပိုင်းကနေ အဝေး ပြေးကားလမ်းတွေတစ်လျှောက် ပျံ့နှံ့လာပြီး ရပ်ကွက်တွေမှာ ကူးစက်မှုစတင်လာပြီး လူ တွေ နာမကျန်းဖြစ်လာမယ်။ ပိုပြီးအခြေအ နေဆိုးလာရင် ပြည်နယ်မြို့တော်တွေကို တစ် ကျော့ပြန်ရောက်လာလိမ့်မယ်” ဟု Nicolelis  က ပြောကြားခဲ့သည်။

ယင်းအချိန်မှာပင် ဘရာဇီး၏ မြို့ကြီးများကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။ ဆော်ပေါ်လိုမြို့ရှိ စားသောက်ဆိုင်များ၊ ဘားများ နှင့် ဆံပင်ညှပ်ဆိုင်များကို အစောဆုံး ဇူလိုင် ၆ ရက်တွင် ဖွင့်လှစ်မည်ဟု မြို့တော်ဝန်က ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ထောင်နှင့်ချီသော ဆိုင်များသည်  ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပြီး အလုပ်သမားများသည် ပုံမှန်အတိုင်း သွားလာနေပြီ ဖြစ်သည်။

“ဗိုင်းရပ်စ်က အခုချိန်မှာ လူတွေရဲ့ သွား လာလှုပ်ရှားမှုကို မှီပြီးရှင်သန်နေတယ်” ဟု ဆော်ပေါ်လို တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးပါမောက္ခ  Gonzalo Vecina Neto က ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပထမဦးစွာ အကောင်းဆုံးထိန်းချုပ်သင့်ကြောင်း ပညာရှင်အချို့က ပြောကြားခဲ့သည်။ အဝေးပြေးလမ်းတစ် လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများလုပ်ဆောင်ခြင်းသည် ဗိုင်းရပ်စ်ကူး စက်မှုလျော့ပါးစေနိုင်ခြေရှိသည့် ရွေးချယ် စရာတစ်ခုဖြစ်ကြောင်း ဆက်သွယ်ရေး၊ သိပ္ပံ ဆိုင်ရာ သတင်းအချက်အလက် Christovam Barcellos  က ပြောကြားခဲ့သည်။

Ref: Reuters

Most Read

Most Recent