CMP၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းနှင့် MSMEs လုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ထောက်ပံ့ထားပြီး ၂၀၂၀ ပြည့်နှစ်မကုန်မီ ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးရန် စီမံထား

CMP၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းနှင့် MSMEs လုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ထောက်ပံ့ထားပြီး ၂၀၂၀ ပြည့်နှစ်မကုန်မီ ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးရန် စီမံထား
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ပူးပေါင်း၍ (၁၆) ကြိမ်မြောက် အမျိုးသားအဆင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အခမ်းအနားကို တွေ့ရစဉ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ပူးပေါင်း၍ (၁၆) ကြိမ်မြောက် အမျိုးသားအဆင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အခမ်းအနားကို တွေ့ရစဉ်
Published 24 June 2020
ဆန်းထူးအောင်

CMP၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းနှင့် MSMEs လုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ထောက်ပ့ံထားပြီး ၂၀၂၀ ပြည့်နှစ်မကုန်မီ ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးရန် စီမံထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ဇွန် ၂၃ ရက်က ပြုလုပ်သည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်း၍ (၁၆) ကြိမ်မြောက် အမျိုးသားအဆင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လက်ရှိအခြေအနေမှာ ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံတွင်လည်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဖွဲ့စည်း၍ စိန်ခေါ်မှုများကို ပြည်သူနှင့်အတူ ရင်ဆိုင်ကျော်လွှား လျက်ရှိကြောင်း၊ ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါကြောင့် ကဏ္ဍအလိုက် အလုပ်သမားများနှင့် အလုပ်အကိုင်အပေါ် များစွာသက်ရောက်ခဲ့ပြီး နိုင်ငံအလိုက်သာမက ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် အထိတုံ့ပြန်မှု အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါကြောင့် ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍ အထူးသဖြင့် ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ဟိုတယ်နှင့် ခရီးသွားလာမှု ကဏ္ဍများတွင် သက်ရောက်မှုများခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ပြည်သူလူထု ကျန်းမာရေးကို ဦးစားပေး ဆောင်ရွက်နေပြီး စီးပွားရေး ပြန်လည်ထူထောင်ရန်နှင့် စီးပွားရေး အကျိုးသက်ရောက်မှုများအပေါ် လျော့ပါးသက်သာစေ ရန် COVID-19 စီးပွားရေး ကုစားမှုအစီအစဉ် COVID-19 Economic Relief Plan (CERP) ချမှတ်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် အလုပ်သမားများအပေါ်  COVID-19 သက်ရောက်မှုများကို တုံ့ပြန်မည့် သက်ဆိုင်ရာ မူဝါဒများ ချမှတ်၍ အစီအစဉ်တကျ ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများအပေါ် သက်ရောက်မှုများ ဖြေလျှော့ပေးသည့် အနေဖြင့် မြန်မာကျပ်ငွေ ဘီလျံ ၁၀၀ ကို ကနဦး မတည်ပေးခဲ့ပြီး CMP၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ MSMEs များကို နှစ်စဉ်အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ထောက်ပံ့ကာ ၂၀၂၀ ပြည့်နှစ်မကုန်မီ ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးရန် စီမံထားရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် လူမှုဖူလုံရေး ထည့်ဝင်ကြေးများကို သုံးလခန့် ဆိုင်းငံ့ပေးခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံရေး အကျုံးဝင်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အကျိုးခံစားခွင့်များကို အလုပ်လက်မဲ့ဖြစ်သည့် နေ့မှစ၍ ခြောက်လမှ တစ်နှစ်အထိ တိုးမြှင့်ပေးခြင်း၊ ဆေးကုသမှုနှင့် ခရီးသွားလာမှု အကျိုးခံစားခွင့်များကို အလုပ်လက်မဲ့ ဖြစ်သည့်နေ့မှစ၍ ခြောက်လမှ တစ်နှစ်အထိ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အငယ်ဆုံးအသက် ပြဋ္ဌာန်းချက်အမှတ် ၁၃၈ ကို လက်ခံကျင့်သုံးရန် ဇွန် ၈ ရက်တွင် ILO ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါသဖြင့် ယင်းရက်တွင် စတင်အာဏာ သက်ဝင်မည် ဖြစ်သည်ကို သုံးပွင့်ဆိုင် ကိုယ်စားလှယ်များအား အသိပေးလိုပါကြောင်း၊ အာဆီယံဒေသအဆင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် မေ ၁၄ ရက်တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် ပတ်သက်၍ COVID-19 သက်ရောက်မှုများကို တုံ့ပြန်ခြင်းဆိုင်ရာ အာဆီယံ အလုပ်သမားဝန်ကြီးများအဆင့် အထူးအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးတွင် အာဆီယံ အလုပ်သမား ဝန်ကြီးများ၏ ပူးတွဲသဘောတူညီချက်ကို အတည်ပြုခဲ့ပြီး COVID-19 ကြောင့် ကူးစက်ခံရသော အလုပ်သမား အားလုံးကို ခွဲခြားမှု မရှိစေဘဲ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ဆေးကုသမှုဆိုင်ရာ အကူအညီများပေးရန် စသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

Most Read

Most Recent