လာလီဂါပွဲစဉ် (၂၈)ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၂၈)ပွဲကြိုသုံးသပ်ချက်
Photo: Valencia
Photo: Valencia
Published 12 June 2020

ဂရန်နာဒါ နှင့် ဂီတာဖေး (၁၃-၆-၂၀၂၀ နံနက် ၀၀:၀၀ နာရီ)

အသစ်တွေနဲ့ ပြန်စချိန်မှာ ဘယ်အသင်းက ပိုပြီးတက်ကြွနေနိုင်မလဲဆိုတာပဲ ဦးစားပေးစဉ်းစားရမယ့်ပွဲမျိုးဖြစ်နေတယ်။ (၂)သင်းစလုံး ဒဏ်ရာနဲ့ ပွဲပယ်ပြဿနာတွေလည်း အများကြီးပဲ။ ဒါပေမဲ့ ဂီတာဖေးအတွက် ချန်ပီယံလိဂ်ဝင်ခွင့်က တွန်းအားတစ်ခုဖြစ်နေနိုင်လို့ အဝေးကွင်းမှာ အနိမ့်ဆုံး သရေကစားလိမ့်မယ်။

ဗလင်စီယာ နှင့် လီဗန်တေး (၁၃-၆-၂၀၂၀ နံနက် ၀၂:၃၀ နာရီ)

ဒီပွဲကလည်း ဗလင်စီယန်ဒါဘီပွဲပီပီ စိတ်ဝင်စားစရာပါပဲ။ ဒါပေမဲ့ အရှိန်အဝါနဲ့အင်အားချင်းကွာဟမှုမှာ လီဗန်တေးဟာ ဗလင်စီယာကို ယှဉ်နိုင်လေ့သိပ်မရှိဘူး။ အထူးသဖြင့် မက်စ်တဲလားမှာ ကစားတဲ့ပွဲတွေဟာ လီဗန်တေးအတွက် ပိုပြီးခက်ခဲလေ့ရှိတာ အစဉ်အလာလိုဖြစ်နေလို့ အခုပရိသတ်မပါချိန်မှာလည်း လီဗန်တေးအတွက် အပြောင်းအလဲလုပ်ပြနိုင်ဖို့ မလွယ်သေးဘူး ထင်ပါတယ်။ ဒါ့အပြင် ဗလင်စီယာအတွက် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ဆက်ရှိဖို့ အရေးပါတဲ့ပွဲဖြစ်နေလို့လည်း အမှားခံမယ်မထင်ပါဘူး။ ဗလင်စီယာနဲ့ ဂိုးအများပဲကြိုက်တယ်။

Most Read

Most Recent