ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများကို အကျဉ်းချုံးကျင်းပရန် UEFA စီစဉ်နေ

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများကို အကျဉ်းချုံးကျင်းပရန် UEFA စီစဉ်နေ
Photos: Getty Images
Photos: Getty Images
Published 10 June 2020

လက်ရှိအချိန်တွင် အိမ်ရှင်အဖြစ် ရွေးချယ်ခံရရန် လစ္စဘွန်း(ပေါ်တူဂီ)၊ ဖရန့်ဖတ်(ဂျာမနီ)နှင့် မော်စကို(ရုရှား) တို့ ရေပန်းစားနေပြီး သြဂုတ်လအတွင်း ကျင်းပသွားရန် UEFA က လျာထားလျက်ရှိကြောင်းသိရသည်။ 

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများကို အမြန်ဆုံးအဆုံးသတ်နိုင်ရန်အတွက် အကျဉ်းချုံးကျင်းပရန် စီစဉ်နေကြောင်း သိရသည်။ 

ကွာတားဖိုင်နယ်အဆင့်မှစ၍ တစ်ကျော့တည်းယှဉ်ပြိုင်သွားရန်နှင့် ကွာတားဖိုင်နယ်မှ ဗိုလ်လုပွဲအထိ ပွဲစဉ်(၇)ပွဲကို မြို့တစ်မြို့တည်းတွင် လက်ခံကျင်းပသွားရန်လည်း ရည်ရွယ်ထားသည်။ 

လက်ရှိအချိန်တွင် အိမ်ရှင်အဖြစ် ရွေးချယ်ခံရရန် လစ္စဘွန်း(ပေါ်တူဂီ)၊ ဖရန့်ဖတ်(ဂျာမနီ)နှင့် မော်စကို(ရုရှား) တို့ ရေပန်းစားနေပြီး သြဂုတ်လအတွင်း ကျင်းပသွားရန် UEFA က လျာထားလျက်ရှိကြောင်းသိရသည်။ 

UEFA သည် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများအား မည်သည့်ပုံစံဖြင့် ဆက်လက်ကျင်းပသွားမည်ဆိုခြင်းကို ဇွန်လ(၁၇)ရက်နေ့ တွင် အတည်ပြုဆုံးဖြတ်ပေးဖွယ်ရှိကြောင်းလည်း သိရသည်။