လူမည်းအမျိုးသားတစ်ဦး သေဆုံးမှုကြောင့် အုံကြွမှုများဖြစ်နေစဉ် အမေရိကန်တင်းနစ်မယ် ကိုကိုဂေါ့ဖ် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

လူမည်းအမျိုးသားတစ်ဦး သေဆုံးမှုကြောင့် အုံကြွမှုများဖြစ်နေစဉ် အမေရိကန်တင်းနစ်မယ် ကိုကိုဂေါ့ဖ် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
Published 31 May 2020

ကိုကိုဂေါ့ဖ်က ခေါင်းစွပ်အမည်းရောင်အင်္ကျီဝတ်ဆင်၍ ကင်မရာကိုကြည့်ကာ လက်နှစ်ဖက်မြှောက်၍ အဖမ်းခံနေသည့်ပုံစံ ဗီဒီ ယိုကို Twitter တွင် တင်ခဲ့ခြင်းဖြစ် ပြီး ဖလွိုက်၊ အာမက်အာဘရီ၊ ဘရီ ယွန်နာတေလာ၊ ထရေဗွန်မာတင်၊ အဲရစ်ဂါနာ၊ အီယာနာဂျုံးစ်၊ ဖရက်ဒီ ဂရေးတို့အပါအဝင် အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည့် လူမည်းများ၏ ဓာတ်ပုံများကိုလည်း ထည့်သွင်း ဖော်ပြထားသည်။ 

အမေရိကန်ဆယ်ကျော်သက် တင်းနစ်မယ် ကိုကိုဂေါ့ဖ်သည် လူမည်းအမျိုးသားတစ်ဦး သေဆုံးမှုကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း အုံကြွမှုများဖြစ်ပေါ်နေစဉ် လူမျိုးရေး ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက် ၁၆ နှစ်သာရှိသေးသည့် ကိုကိုဂေါ့ဖ်သည် မေ ၂၅ ရက် က လူဖြူရဲအရာရှိတစ်ဦးကြောင့် သေဆုံးခဲ့သည့် အာဖရိကန်-အမေရိကန်နွယ်ဖွား ဂျော့ချ်ဖလွိုက်အပါအဝင် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် လူမည်းအမျိုးသား၊ အမျိုးသမီး များ၏ဓာတ်ပုံနှင့်အတူ ဖန်တီးထားသည့် TikTok ဗီဒီယိုကို Twitter တွင် တင်ခဲ့ခြင်းဖြစ်သည်။ 

အခင်း ဖြစ်ပွားပုံမှာ မေ ၂၅ ရက်က မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်ရဲ ဌာနမှ လူဖြူအရာရှိ ဒဲရက်ချော်ဗင်သည် ဂျော့ချ်ဖလွိုက်၏လည်ပင်းကို ဒူးဖြင့် ရှစ်မိနစ် ၄၆ စက္ကန့်ကြာ ဖိထားခဲ့ပြီး ဖလွိုက်မှာ ၂ မိနစ် ၅၃ စက္ကန့်ကြာကတည်းက တုံ့ပြန်မှုမရှိ တော့ဘဲ သေဆုံးခဲ့ခြင်းဖြစ်သည်။ ဖလွိုက်သည် လက်ထိပ်ခတ်လျက် အနေအထားဖြင့် မှောက်လျက်လဲ ကျနေစဉ် လည်ပင်းကို ဒူးဖြင့်ဖိခံထားရသဖြင့် အသက်ရှူကြပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် ချော်ဗင်အပါအဝင် ဖလွိုက်၏ ခြေထောက်ကိုကိုင်ထားသူ လိန်း၊ နောက်ကျောကိုဖိထားသူ အလက်ဇန္ဒားခန်း၊ အနီးတွင်ရပ် ကြည့်နေသူ တူသာအို စသည့် ရဲ အရာရှိလေးဦး မေ ၂၆ ရက်တွင် အလုပ်မှထုတ်ပယ်ခံရပြီး ချော်ဗင်မှာလည်း မေ ၂၉ ရက်တွင် လူသတ်မှုဖြင့် စွဲချက်တင်ခံခဲ့ရသည်။

သို့ဖြစ်ရာ ကိုကိုဂေါ့ဖ်က ခေါင်းစွပ်အမည်းရောင်အင်္ကျီဝတ်ဆင်၍ ကင်မရာကိုကြည့်ကာ လက်နှစ်ဖက်မြှောက်၍ အဖမ်းခံနေသည့်ပုံစံ ဗီဒီ ယိုကို Twitter တွင် တင်ခဲ့ခြင်းဖြစ် ပြီး ဖလွိုက်၊ အာမက်အာဘရီ၊ ဘရီ ယွန်နာတေလာ၊ ထရေဗွန်မာတင်၊ အဲရစ်ဂါနာ၊ အီယာနာဂျုံးစ်၊ ဖရက်ဒီ ဂရေးတို့အပါအဝင် အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည့် လူမည်းများ၏ ဓာတ်ပုံများကိုလည်း ထည့်သွင်း ဖော်ပြထားသည်။ 

ထို့ပြင် "ဒါကြောင့် လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး အတွက် ငါ့ရဲ့အသံကို အသုံးပြုနေ တာပါ"၊ " နောက်တစ်ခါ ငါ့အလှည့်လား" ၊ " ငါကတော့ ကိုယ့်ရဲ့အသံကို အသုံးချနေတယ်။ မင်းတို့ရော မင်း တို့အသံကို အသုံးချကြမှာလား" ဟု ရေးသား၍ အသိပေးလှုံ့ဆော်ထား ကြောင်း သိရသည်။ ကိုကိုဂေါ့ဖ် သည် ဂရင်းစလင်းပြိုင်ပွဲများဖြစ် သည့် ၂၀၁၉ ဝင်ဘယ်လ်ဒန်ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် စတုတ္ထအဆင့်၊ ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် တတိယ အဆင့်နှင့် ၂၀၂၀ သြစတြေးလျ အိုးပင်းပြိုင်ပွဲတွင် စတုတ္ထအဆင့် တက်ရောက်ခဲ့ပြီးနောက် အသက် ၁၆ နှစ်မပြည့်ခင်မှာပင် ကမ္ဘာ့အဆင့် ထိပ်ဆုံး ၅၀ အတွင်း ဝင်ရောက်နိုင်ခဲ့သဖြင့် လူသိများထင်ရှားလာသူ ဖြစ်သည်။

Most Read

Most Recent