လာလီဂါပြိုင်ပွဲကို ဇွန် ၁၁ ရက်တွင် ပြန်လည်စတင်မည်ဖြစ်ပြီး ၂၀၂၀- ၂၀၂၁ ရာသီသစ်ကို စက်တင်ဘာ ၁၂ ရက်၌ စတင်မည်ဟု စပိန်အားကစား ကောင်စီ အတည်ပြုထုတ်ပြန်

လာလီဂါပြိုင်ပွဲကို ဇွန် ၁၁ ရက်တွင် ပြန်လည်စတင်မည်ဖြစ်ပြီး ၂၀၂၀- ၂၀၂၁ ရာသီသစ်ကို စက်တင်ဘာ ၁၂ ရက်၌ စတင်မည်ဟု စပိန်အားကစား ကောင်စီ အတည်ပြုထုတ်ပြန်
Photos: Getty Images
Photos: Getty Images
Published 31 May 2020

သတင်းများထွက်ပေါ်ခဲ့သည့်အတိုင်း ဇွန် ၁၁ ရက်တွင် ဆီဗီလာ-ဘက်တစ် ဒါဘီပွဲဖြင့် စတင်မည်ဖြစ်ပြီး လက်ကျန်ပွဲစဉ် ၁၁ ခုကို ဇူလိုင် ၁၉ ရက်တွင် အပြီးကျင်းပရမည်ဖြစ်သည်။ ထို့ပြင် လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်ကလည်း လာမည့် ၂၀၂၀-၂၀၂၁ ရာသီကို စက်တင်ဘာ ၁၂ ရက်တွင် စတင်မည်ဖြစ်ကြောင်း Marca သတင်းစာသို့ အတည်ပြုပြောကြားထားသည်။ 

လာလီဂါပြိုင်ပွဲကို ဇွန် ၁၁ ရက်တွင် ပြန်လည်စတင်မည်ဖြစ်ပြီး လာမည့် ၂၀၂၀- ၂၀၂၁ ရာသီသစ်ကို စက်တင်ဘာ ၁၂ ရက် တွင် စတင်မည်ဖြစ်ကြောင်း စပိန်အားကစား ကောင်စီက အတည်ပြုထုတ်ပြန်ခဲ့သည်။

စပိန်အစိုးရက လာလီဂါအပါအဝင် မေဂျာအားကစားပြိုင်ပွဲများကို ဇွန် ၈ ရက်မှ စ၍ ပြန်လည်ကျင်းပခွင့်ပြုကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကြေညာခဲ့ပြီးနောက် လာလီဂါနှင့် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) တို့ ညှိနှိုင်းဆွေးနွေးရာ ဇွန် ၁၁ ရက်တွင် ပြန်လည်စတင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း စပိန်အားကစားကောင်စီက ထုတ်ပြန်ခဲ့သည်။ 

သတင်းများထွက်ပေါ်ခဲ့သည့်အတိုင်း ဇွန် ၁၁ ရက်တွင် ဆီဗီလာ-ဘက်တစ် ဒါဘီပွဲဖြင့် စတင်မည်ဖြစ်ပြီး လက်ကျန်ပွဲစဉ် ၁၁ ခုကို ဇူလိုင် ၁၉ ရက်တွင် အပြီးကျင်းပရမည်ဖြစ်သည်။ ထို့ပြင် လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်ကလည်း လာမည့် ၂၀၂၀-၂၀၂၁ ရာသီကို စက်တင်ဘာ ၁၂ ရက်တွင် စတင်မည်ဖြစ်ကြောင်း Marca သတင်းစာသို့ အတည်ပြုပြောကြားထားသည်။ 

"အရေးကြီးဆုံးက ၂၀၁၉-၂၀ ရာသီကို ဘယ်အချိန်ပြီးဆုံးမလဲဆိုတာ သိရဖို့ပါ။ နောက်ရာသီကိုတော့ စက်တင်ဘာ ၁၂ ရက် စတင်မှာပါ။ ဘုရားသခင်ရဲ့အလိုတော်အတိုင်း ကျွန်တော်တို့ ပြိုင်ပွဲကို ဇွန် ၁၁ ရက်မှာစတင်သွားမှာပါ။ မက်ဒရစ်နဲ့ ဘာစီလိုနာမှာ အဆင့် ၂ (Lockdown ဖြေလျှော့မှု) ဖြစ်လာဖို့လည်း ကျွန်တော်တို့ စောင့်နေပါတယ်" ဟု ၎င်းက ဆိုသည်။

ပွဲအားလုံးကို ကွင်းပိတ်ကစားမည်ဖြစ်သောကြောင့် ပရိသတ်များအနေဖြင့် မိမိနှစ်သက်ရာပွဲစဉ်ကို ရုပ်သံမှ ရွေးချယ်ကြည့်ရှုနိုင်မည်ဖြစ်သလို ပရိသတ်များ၏အားပေးသံကိုလည်း ဖန်တီးထည့်သွင်းထားမည်ဖြစ်ကြောင်း တီဘက်စ်က ဆက်လက်ပြောကြားခဲ့သည်။

Most Read

Most Recent