နယူးကာဆယ်အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်ခွင့်ရရန် ဘင်နီတက်ဇ် လိုလားနေ

နယူးကာဆယ်အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်ခွင့်ရရန် ဘင်နီတက်ဇ် လိုလားနေ
Photo: Getty Images
Photo: Getty Images
Published 26 May 2020

နယူးကာဆယ်အသင်း၏ နည်းပြဟောင်းဖြစ်သူ ဘင်နီတက်ဇ်သည် အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်ခွင့်ရရန် လိုလားနေကြောင်း သိရသည်။ 

နယူးကာဆယ်အသင်း၏ နည်းပြဟောင်းဖြစ်သူ ဘင်နီတက်ဇ်သည် အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်ခွင့်ရရန် လိုလားနေကြောင်း သိရသည်။ 

နယူးကာဆယ်အသင်း၏ အရောင်းအဝယ်မှာ ယခုရက်သတ္တပတ်အတွင်း အပြီးသတ်နိုင်ဖွယ်ရှိနေပြီး ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးပါက ဘင်နီတက်ဇ်က ပြန်လည်ကိုင်တွယ်လိုခြင်းဖြစ်သည်။ 

ဘင်နီတက်ဇ်သည် လက်ရှိအချိန်တွင် တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ယီဖန်အသင်းကို ကိုင်တွယ်နေသော်လည်း နယူးကာဆယ်အသင်း အလိုရှိပါက ပြန်လာရန်အသင့်ရှိနေကြောင်း သိရသည်။ 

ဘင်နီတက်ဇ်သည် နယူးကာဆယ်ပရိသတ်များ သဘောကျသည့်နည်းပြလည်းဖြစ်သည်။

အသက် (၆၀)နှစ်အရွယ်ရှိ စပိန်လူမျိုးနည်းပြ ဘင်နီတက်ဇ်သည် နယူးကာဆယ်အသင်းကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၃)နှစ်ကြာ ကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိအသင်းပိုင်ရှင် မိုက်အက်ရှ်လေနှင့် အဆင်မပြေသဖြင့် လမ်းခွဲခဲ့သူဖြစ်သည်။ 

Most Read

Most Recent