ဘိုင်ယန်မြူးနစ်နှင့် ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် နူအာ ချုပ်ဆို

ဘိုင်ယန်မြူးနစ်နှင့် ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် နူအာ ချုပ်ဆို
Photos ; Bayern Munich Twitter
Photos ; Bayern Munich Twitter
Published 21 May 2020

ဂျာမန်လက်ရွေးစင်ဂိုးသမား နူအာသည် မိခင်ကလပ် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၃ ခုနှစ်အထိ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း အသင်းမှ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အတည်ပြုကြေညာခဲ့သည်။  

မကြာသေးမီက ကစားသမားနှင့် ကလပ်အသင်းအကြား စာချုပ်သစ်ဆွေးနွေးမှုများ အဆင်မပြေဖြစ်နေသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့မှုကိုလည်း အဆုံးသတ်နိုင်ခဲ့သည်။

''ကိုရိုနာကပ်ဘေးကြောင့် Lockdown ပိတ်ခံထားရတဲ့ရက်သတ္တပတ်တွေမှာ ကျွန်တော် ဆုံးဖြတ်ချက်မချချင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူမှလည်း ဒါကို သိမှာမဟုတ်လို့ပါ။ အခုချိန်မှာတော့ ဘွန်ဒစ်လီဂါပြိုင်ပွဲက ပြန်ကစားနေပါပြီ''ဟု နူအာက ပြောကြားခဲ့သည်။

အသက်(၃၄)နှစ်ရှိပြီဖြစ်သည့် နူအာနှင့် သူ၏အေးဂျင့်သည် ဘိုင်ယန်အသင်းထံ (၅)နှစ်စာချုပ်အတွက် တစ်ရာသီလျှင် ယူရိုသန်း(၂၀)ပေးရန် တောင်းဆိုခဲ့ကြောင်း Bild သတင်းစာက ပြီးခဲ့သည့်လတွင် ဖော်ပြခဲ့သည်။

နူအာသည် ၂၀၁၁ ခုနှစ်တွင် ရှော်လ်ကေးအသင်း မှ ပြောင်းရွှေ့လာသူဖြစ်သည်။

၎င်းအနေဖြင့် ဘိုင်ယန်အသင်းနှင့်အတူ ဘွန်ဒစ်လီဂါချန်ပီယံဆု(၇)ကြိမ်၊ ဂျာမန်ဖလား(၅)ကြိမ်နှင့် ၂၀၁၃ ချန်ပီယံလိဂ်ဖလားများ ဆွတ်ခူးနိုင်ခဲ့သည်။

 

Most Read

Most Recent