ခရစ္စတယ်ပဲလေ့စ်ကစားသမား ဇာဟာကိုခေါ်ယူရန် ပေါင်သန်း (၆၀)ဖြင့် နယူးကာဆယ် ကမ်းလှမ်းမည်

ခရစ္စတယ်ပဲလေ့စ်ကစားသမား ဇာဟာကိုခေါ်ယူရန် ပေါင်သန်း (၆၀)ဖြင့် နယူးကာဆယ် ကမ်းလှမ်းမည်
Photos: Getty Images
Photos: Getty Images
Published 20 May 2020

နယူးကာဆယ်အသင်းပိုင်ရှင်သစ်များသည် ကစားသမားသစ်များစွာခေါ်ယူ၍ အသင်းကို ပြောင်းလဲပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပါဝင်ကစားရန် ဆန္ဒပြင်းပြနေသည်ဟု သတင်းများထွက်ပေါ်နေသော ဇာဟာကို မြင့်မားသည့်ကြေးဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်သည်။ 

နယူးကာဆယ်အသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်း၏ တောင်ပံကစားသမား ဇာဟာအားခေါ်ယူရန် ပေါင်သန်း(၆၀)ဖြင့်ကမ်းလှမ်းသွားမည်ဖြစ် ကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။ 

နယူးကာဆယ်အသင်းပိုင်ရှင်သစ်များသည် ကစားသမားသစ်များစွာခေါ်ယူ၍ အသင်းကို ပြောင်းလဲပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပါဝင်ကစားရန် ဆန္ဒပြင်းပြနေသည်ဟု သတင်းများထွက်ပေါ်နေသော ဇာဟာကို မြင့်မားသည့်ကြေးဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်သည်။ 

ဇာဟာသည် ချယ်လ်ဆီး၊ အာဆင်နယ်၊ စပါးအစရှိသော လန်ဒန်ထိပ်သီးအသင်းများ၏ ပစ်မှတ်ထားမှုကို ခံခဲ့ရဖူးသော်လည်း  အပြောင်းအရွှေ့မဖြစ်ဘဲ ခရစ္စတယ်ပဲလေ့စ်အသင်းတွင်သာ ဆက်ရှိနေသူဖြစ် ပြီး အသင်းနှင့် သူ၏စာချုပ်မှာ (၃)နှစ်ခွဲကျန်နေသေးကြောင်း သိရသည်။

Most Read

Most Recent