ဆုဖလားများ ရယူလိုကြောင်း မန်ယူပစ်မှတ် မတ်ဒီဆန် ဝန်ခံ

ဆုဖလားများ ရယူလိုကြောင်း မန်ယူပစ်မှတ် မတ်ဒီဆန် ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 16 May 2020

မန်ယူအသင်း၏ ပစ်မှတ်ထားခြင်းခံနေရသည့် လက်စတာကွင်းလယ်လူ မတ်ဒီဆန်က မိမိအနေဖြင့် ဆုဖလားများ ရယူလိုကြောင်း ဝန်ခံခဲ့သည်။ 

မန်ယူအသင်း၏ ပစ်မှတ်ထားခြင်းခံနေရသည့် လက်စတာကွင်းလယ်လူ မတ်ဒီဆန်က မိမိအနေဖြင့် ဆုဖလားများ ရယူလိုကြောင်း ဝန်ခံခဲ့သည်။ 

အသက် (၂၃)နှစ်အရွယ်ရှိ မတ်ဒီဆန်သည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် မန်ယူအသင်း ခေါ်ယူမည့် ကစားသမားစာရင်း၌ ပါဝင်နေသူဖြစ်ပြီး မန်ယူအသင်းသည် ၎င်းကို အရယူခေါ်ယူဖွယ်ရှိနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။  

မတ်ဒီဆန်က "အခုအချိန်မှာ ကျွန်တော့်ရဲ့ အကြီးမားဆုံးရည်မှန်းချက်တွေ ဆုဖလားတွေ ရရှိဖို့ပါပဲ။ ကျွန်တော့်အိမ်မှာ ဆုတံဆိပ်တွေ သိမ်းထားတဲ့ အခန်းတစ်ခန်းရှိပါတယ်။ ဒါပေမဲ့ အဲဒီအခန်းထဲမှာ ဆုတွေတော့ သိပ်မရှိသေးပါဘူး။ ရှိနေတဲ့ ဆုတံဆိပ်တွေကလည်း တစ်ဦးချင်းရတဲ့ ဆုတွေဖြစ်ပြီး ဆုဖလားတွေ မပါပါဘူး။ ကျွန်တော် ဆုဖလားတွေ လိုချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် မတ်ဒီဆန်က ကစားသမားဘဝတွင် လေးစားအားကျရသည့် ကစားသမားများစွာ ရှိနေသော်လည်း မိမိအနေဖြင့် မန်စီးတီးအသင်းမှ စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားကဲ့သို့ ဖြစ်လိုကြောင်းလည်း ပြောကြားခဲ့သည်။ 

မတ်ဒီဆန်သည် ယခုရာသီတွင် လက်စတာအသင်းအတွက် ပြိုင်ပွဲစုံ (၃၅)ပွဲကစားရာ၌ (၉)ဂိုး သွင်းယူထားသူ ဖြစ်သည်။

Most Read

Most Recent