ဆယ်တီယန်လက်ထက် ဘာစီလိုနာအသင်း၏ကစားပုံမှာ ချန်ပီယံလိဂ်ဖလားရရန် မဖြစ်နိုင်ဟု မက်ဆီ ပြောကြား

ဆယ်တီယန်လက်ထက် ဘာစီလိုနာအသင်း၏ကစားပုံမှာ ချန်ပီယံလိဂ်ဖလားရရန် မဖြစ်နိုင်ဟု မက်ဆီ ပြောကြား
Photos: EPA & Getty Images
Photos: EPA & Getty Images
Published 15 May 2020

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက နည်းပြ ဆယ်တီယန်လက်ထက် အသင်း၏ကစားပုံမှာ ချန်ပီယံလိဂ်ဖလားရရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက နည်းပြ ဆယ်တီယန်လက်ထက် အသင်း၏ကစားပုံမှာ ချန်ပီယံလိဂ်ဖလားရရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဆယ်တီယန်သည် ပြီးခဲ့သည့် ဇန်နဝါရီလက ရာထူးမှထုတ်ပယ်ခံခဲ့ရသည့် ဗယ်လ်ဗာဒီ၏နေရာကို ဆက်ခံခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်မရှိသေးဘဲ မတ်လက ကစားခဲ့သည့် El Clasico ပွဲတွင် ရီးယဲလ်အသင်းကို (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ 

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွင် အဝေးကွင်း၌ နာပိုလီအသင်းကို (၁-၁)ဂိုးဖြင့် သရေကျထားသည်။ 

ယင်းနောက် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ရပ်နားခဲ့ရပြီး သြဂုတ်လတွင် ပြန်လည်ကစားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ 

မက်ဆီက "ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပြိုင်ပွဲတွေ မရပ်နားမီက ပုံစံအတိုင်း ကစားမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ မဖြစ်နိုင်ပါဘူး။ အသင်းဖော်တွေရဲ့ စွမ်းဆောင်မှုအပေါ် ဘယ်တုန်းကမှ ကျွန်တော် သံသယ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခု ကျွန်တော်တို့ ကစားနေတဲ့ပုံစံမျိုးနဲ့တော့ ချန်ပီယံလိဂ်ဖလားကို ရမှာ မဟုတ်ပါဘူး"ဟု စပိန်အားကစားသတင်းစာ Sport နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းနည်းပြ ဆယ်တီယန်ကမူ ယခုရာသီတွင် လာလီဂါနှင့် ချန်ပီယံဖလားများကို ရယူသွားမည်ဟု ပြောကြားထားသည်။

Most Read

Most Recent