လစာငွေကန့်သတ်မှုစနစ်ကို ဂျူဗင်တပ်စ်အသင်း စတင်ကျင့်သုံးမည်    

လစာငွေကန့်သတ်မှုစနစ်ကို ဂျူဗင်တပ်စ်အသင်း စတင်ကျင့်သုံးမည်    
Photos: Getty Images
Photos: Getty Images
Published 13 May 2020

ဂျူဗင်တပ်စ်အသင်းသည် လာမည့်ရာသီမှစတင်ပြီး ကစားသမားတစ်ဦးချင်းစီ၏ လစာငွေသတ်မှတ်ချက်ကို တစ်နှစ်လျှင် ယူရို (၉)သန်း(တစ်ပတ် ယူရို ၁.၇၃ သိန်း) အမြင့်ဆုံးထားဖွယ်ရှိနေသည်။ 

ဂျူဗင်တပ်စ်အသင်းသည် လစာငွေကန့်သတ်မှု (Salary Cap)ကို စတင်ကျင့်သုံးမည့် ပထမဆုံးစီးရီးအေကလပ်အသင်းဖြစ်လာဖွယ်ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

    

ဂျူဗင်တပ်စ်အသင်းသည် လာမည့်ရာသီမှစတင်ပြီး ကစားသမားတစ်ဦးချင်းစီ၏ လစာငွေသတ်မှတ်ချက်ကို တစ်နှစ်လျှင် ယူရို (၉)သန်း(တစ်ပတ် ယူရို ၁.၇၃ သိန်း) အမြင့်ဆုံးထားဖွယ်ရှိနေသည်။ 

တူရင်အခြေစိုက် Corriere di Totino သတင်းစာက ဂျူဗင်တပ်စ်အသင်းသည် ရောဂါကပ်ဘေးအလွန် အသင်းဘဏ္ဍာရေးပိုင်းတည်ငြိမ်စေရန်အတွက် ပြင်ဆင်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ 

သို့သော် ယင်းလစာငွေကန့်သတ်မှုသည် လက်ရှိချုပ်ဆိုထားသည့် စာချုပ်များအပေါ်တွင် သက်ရောက်မှုမရှိဘဲ ပုံမှန်အတိုင်းရှိမည်ဖြစ်သည်။ 

ထို့ကြောင့် ၂၀၂၀-၂၁ ရာသီ ထက်ပိုပြီး စာချုပ်သက်တမ်းရှိနေသည့် စီရော်နယ်လ်ဒို၊ ဟီဂွါအင်၊ ဒီဘားလား၊ ရမ်ဆေး၊ ရာဘီယူစသည့် ကစားသမားများမှာ လက်ကျန်စာချုပ်သက်တမ်းအတိုင်း လစာငွေ ဆက်လက်ရရှိမည်ဖြစ်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။ 

ဂျူဗင်တပ်စ်အသင်းအနေဖြင့် ယင်းစနစ်သာ အမှန်တကယ်ကျင့်သုံးခဲ့လျှင် လစာငွေတောင်းဆိုမှုမြင့်မားသည့် ထိပ်တန်းကစားသမားများကို ခေါ်ယူနိုင်ရန်မှာ ဖြစ်နိုင်ခြေနည်းပါးသွားဖွယ်ရှိသည်။ 

အစောပိုင်းက ဂျူဗင်တပ်စ်အသင်းသည် မန်ယူအသင်းမှ အသင်းကွင်းလယ်လူဟောင်း ပေါ့ဘာကို ပြန်လည်ခေါ်ယူမည်ဟု သတင်းထွက်ခဲ့သော်လည်း လက်ရှိအခြေအနေကြောင့် အပြောင်းအရွှေ့ဖြစ်လာရန် ရာခိုင်နှုန်းအလွန်နည်းပါးသွားပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent