Eurosport ပရိသတ်များက မဲပေးရွေးချယ်သည့် ၂၁ ရာစုအကောင်းဆုံးအသင်းအဖြစ် ဖာဂူဆန်၏ မန်ယူအသင်း သတ်မှတ်ခံရ

Eurosport ပရိသတ်များက မဲပေးရွေးချယ်သည့် ၂၁ ရာစုအကောင်းဆုံးအသင်းအဖြစ် ဖာဂူဆန်၏ မန်ယူအသင်း သတ်မှတ်ခံရ
Photos : Reuters, Europort
Photos : Reuters, Europort
Published 12 May 2020

နာမည်ကျော်အားကစားသ တင်းဌာနတစ်ခုဖြစ်သည့် Eurosport ပရိသတ်များက မဲပေးရွေး ချယ်သည့် ၂၁ ရာစုအကောင်းဆုံးအ သင်းရွေးချယ်မှုတွင် ဖာဂူဆန်၏ မန် ယူအသင်း ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

Eurosport သည် ၎င်းတို့ စိတ်ကြိုက် (၃၂)သင်းကို ရွေးချယ်ကာ ရှုံးထွက်ပုံစံမျိုးဖြင့် ပရိသတ်များကို မဲပေးရွေးချယ်စေခဲ့ခြင်းဖြစ်ပြီး ဖာဂူဆန်၏ မန်ယူအသင်းသည် ဗိုလ်လုပွဲတွင် ဂွါဒီယိုလာ၏ ဘာစီလိုနာအသင်းကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဖာဂူဆန်၏ မန်ယူအသင်းသည် ရှုံးထွက်အဆင့်တွင် ၂၀၀၇-၂၀၁၂ ဇင်းနစ်အသင်း၊ ကွာတားဖိုင်နယ်အဆင့်တွင် ဆီ>မန်နီ၏ အက်သလက်တီကိုမက်ဒရစ်အသင်း၊ ဆီမီးဖိုင်နယ်အဆင့်တွင် ရီးယဲလ်မက်ဒရစ်၏ ကြယ်စင်စုအသင်းတို့ကို ကျော်ဖြတ်ခဲ့ပြီးနောက် ဗိုလ်လုပွဲတွင် ဂွါဒီယိုလာ၏ ဘာစီလိုနာအသင်းကို မဲအရေအတွက် (၅၉-၄၁)ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ ခြင်းလည်းဖြစ်သည်။

ဂွါဒီယိုလာ၏ ဘာစီလိုနာအသင်းမှာမူ အယ်လီဂရီ၏ ဂျူဗင်တပ်စ်အသင်း၊ မော်ရင်ဟို၏ ၂၀၀၄-၂၀၀၇ ချယ်လ်ဆီး၊ ၎င်းကိုယ်တိုင် လက်ရှိကိုင်တွယ်နေသည့် မန်စီးတီးအသင်းတို့ကို အဆင့်ဆင့်ကျော်ဖြတ်ကာ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခဲ့ ခြင်းဖြစ်သည်။

ဖာဂူဆန်၏ မန်ယူအသင်းနှင့် ဂွါဒီယိုလာ၏ ဘာစီလိုနာအသင်းတို့သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲများတွင် ၂၀၀၉ နှင့် ၂၀၁၁ ခုနှစ်များ၌ နှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ဖူးပြီး ဖာဂူဆန်၏အသင်းမှာ နှစ်ကြိမ်စလုံး အရှုံးပေးခဲ့ရသည်။

ယခုမဲပေးရွေးချယ်မှုတွင် မန်ယူအသင်း အသာရရှိခဲ့သည့်အချက်မှာ နှစ်ပေါင်းများစွာလက်တွဲပြီး အောင်မြင်မှုများစွာ ယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်နိုင်ကြောင်း Eurosport က ဆို သည်။

Most Read

Most Recent