စပါးအသင်းဂိုးသမား လိုရစ် အိမ်လုံခြုံရေးအတွက် ပေါင်သောင်းချီ သုံးစွဲ၍ ခွေးဝယ်ယူ

စပါးအသင်းဂိုးသမား လိုရစ် အိမ်လုံခြုံရေးအတွက် ပေါင်သောင်းချီ သုံးစွဲ၍ ခွေးဝယ်ယူ
Photo : Instagram
Photo : Instagram
Published 12 May 2020

Photo : Instagram

စပါးအသင်းဂိုးသမား လိုရစ်သည် နေအိမ်နှင့် မိသားစုလုံခြုံရေးအတွက် ပေါင်သောင်းနှင့်ချီသုံးစွဲ၍ ခွေးဝယ်ယူထားကြောင်း သိရသည်။

လုယက်သူနှင့် အနုကြမ်းစီးသူများမှာ ဘောလုံးသမားများ၏နေအိမ်ကို ပစ်မှတ်ထားလာသောကြောင့် လိုရစ်အနေဖြင့် မိမိကိုယ်တိုင်နှင့် မိသားစုကို ကာကွယ်ရန်အတွက် လန်ဒန်အခြေစိုက် နာမည်ကြီး Elite Protection Dogs ကုမ္ပဏီမှ ခွေးတစ်ကောင်ဝယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Elite Protection Dogs ကုမ္ပဏီသည် စစ်တပ်နှင့် ရဲတပ်ဖွဲ့သုံး ဘယ်လ်ဂျီယံနှင့် ဂျာမန်မျိုးစပ် သိုးထိန်းခွေးများကို အထူးလေ့ကျင့်သင်ကြားပေးသည့် ကုမ္ပဏီဖြစ်သည်။

ခွေးတစ်ကောင်တန်ဖိုးမှာ အနည်းဆုံး ပေါင် ၁၅,၀၀၀ (ယူရို ၁၇,၀၀၀) မှစ၍ စျေးနှုန်းအမျိုးမျိုးသတ်မှတ်ထားသည်။

လိုရစ်ဝယ်ယူသည့် ခွေး၏တန်ဖိုးကိုမူ သတင်းများတွင် ဖော်ပြထားခြင်းမရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent