ယူအေအီးရှိ မြန်မာအလုပ်သမားများနှင့် ဒူဘိုင်းဆိပ်ကမ်းသို့ ရောက်ရှိနေသည့် မြန်မာသင်္ဘောသားများ အပါအဝင် မြန်မာနိုင်ငံသား ၁၄၈ ဦး Fly Dubai လေကြောင်းလိုင်း၏ ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ်

ယူအေအီးရှိ မြန်မာအလုပ်သမားများနှင့် ဒူဘိုင်းဆိပ်ကမ်းသို့ ရောက်ရှိနေသည့် မြန်မာသင်္ဘောသားများ အပါအဝင် မြန်မာနိုင်ငံသား ၁၄၈ ဦး Fly Dubai လေကြောင်းလိုင်း၏ ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ်
အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံသားများအား တွေ့ရစဉ်
အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံသားများအား တွေ့ရစဉ်
Published 11 May 2020

အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံရှိ မြန်မာအလုပ်သမားများနှင့် ဒူဘိုင်းဆိပ်ကမ်းသို့ရောက်ရှိနေသည့် မြန်မာသင်္ဘောသားများအပါအဝင် မြန်မာနိုင်ငံသား ၁၄၈ ဦး Fly Dubai လေကြောင်းလိုင်း၏ ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ မေလ ၁၀ ရက်နေ့က ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံတွင် လုပ်ငန်းများရပ်တန့်သဖြင့် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများနှင့် ဒူဘိုင်းဆိပ်ကမ်းသို့ ရောက်ရှိနေသည့် မြန်မာသင်္ဘောသားများအပါအဝင် မြန်မာနိုင်ငံသား ၁၄၈ ဦးအား Fly Dubai လေကြောင်းလိုင်း၏ ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ မေ ၁၀ ရက် ညနေ ၁၇ နာရီ မိနစ် ၃၀ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သက်မှတ်ချက်များနှင့်အညီ သီးခြား သတ်မှတ်ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်များတွင် ၂၁ ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်သို့ ဆင်းသက်သည့် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆင်းသက်မှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး) တို့မှ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၁၁၃ ဦးအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြည်ပရောက်မြန်မာများ ပြန်လာနိုင်ရန် မြန်မာအမျိုးသားလေကြောင်းလိုင်းက မေလ ၉ ရက်တွင် စင်ကာပူနိုင်ငံသို့ပျံသန်းသည့် ဒုတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်တွင် ကိုယ်ဝန်ဆောင်များ၊ အကျဉ်းထောင်မှ လွတ်မြောက်လာသူများအပါအဝင် မြန်မာနိုင်ငံသား ၁၄၄ ဦး လိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်။

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသား ၁၄၄ ဦးအား ၂၀၂၀ ပြည့်နှစ် မေလ ၉ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ခရီးစဉ်အမှတ် UB 1002 ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကယ်ဆယ်ရေးလေယာဉ် (Relief Fight) အဖြစ် ရန်ကုန်မှ စင်ကာပူ၊ ဘန်ကောက်နှင့် နယူးဒေလီမြို့များသို့ ပျံသန်းမည့်စရိတ်အား အစိုးရမှ ကျခံပေးမည်ဖြစ်ပြီး ခရီးသည်များမှ ရန်ကုန်မြို့သို့ ပျံသန်းစရိတ်ကိုသာ ကျခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Most Read

Most Recent