PSG ကွင်းလယ်လူ ပါရေဒက်စ်က အသင်းတိုက်စစ်မှူး နေမာအနေဖြင့် လာမည့်ရာသီတွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဘဲ အသင်း၌သာ ဆက်ရှိနေလိမ့်မည်ဟု ပြောကြားခဲ့သည်။
PSG ကွင်းလယ်လူ ပါရေဒက်စ်က အသင်းတိုက်စစ်မှူး နေမာအနေဖြင့် လာမည့်ရာသီတွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဘဲ အသင်း၌သာ ဆက်ရှိနေလိမ့်မည်ဟု ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ၂၀၁၉ နွေရာသီတွင် အသင်းဟောင်း ဘာစီလိုနာထံသို့ ပြန်လည်ပြောင်းရွှေ့ရန် လူသိရှင်ကြားတောင်းဆိုခဲ့သလို လာမည့်နွေရာသီတွင်လည်း ဘာစီလိုနာအသင်း ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ကစားသမားဖြစ်သည်။

သို့သော် ပါရေဒက်စ်က နေမာအနေဖြင့် လာမည့် ၂၀၂၀-၂၁ ရာသီတွင် PSG အသင်း၌ ဆက်ရှိနေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပါရေဒက်စ်က "နေမာနဲ့ ကျွန်တော် စကားအများကြီး ပြောဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ဖုန်းခေါ်လေ့ရှိပါတယ်။ အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် နိုင်ငံတွေကို Lockdown ချထားပေမယ့် နေမာနဲ့ အမြဲတမ်း စကားပြောဖြစ်ပါတယ်။ နေမာအနေနဲ့ PSG အသင်းမှာ ကျွန်တော်တို့နဲ့အတူ ဆက်ရှိနေပါလိမ့်မယ်"ဟု FOX Sports သို့ ပြောကြားခဲ့သည်။
နေမာသည် ၂၀၁၇ နွေရာသီတွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး (၃)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ (၈၀)တွင် (၆၉)ဂိုး သွင်းယူထားသည်။















