ပရီးမီးယားလိဂ်ပွဲများ ပြန်စပါက တစ်ပိုင်းလျှင် ၄၅ မိနစ်ထက်လျှော့ကစားမည့်အချက် ဆွေးနွေးခဲ့ဟု PFA ဥက္ကဋ္ဌ ဆို

ပရီးမီးယားလိဂ်ပွဲများ ပြန်စပါက တစ်ပိုင်းလျှင် ၄၅ မိနစ်ထက်လျှော့ကစားမည့်အချက် ဆွေးနွေးခဲ့ဟု PFA ဥက္ကဋ္ဌ ဆို
Published 7 May 2020

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ် (PFA) ဥက္ကဋ္ဌ ဂေါ်ဒွန်တေလာက ပရီးမီးယားလိဂ်ပြိုင်ပွဲများ ပြန်လည်စတင်ဖြစ်ပါက တစ်ပိုင်းလျှင် ၄၅ မိနစ်ထက်လျှော့ကစားမည့်အချက်ကို အဆိုပြုဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။

ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က ပြုလုပ်သော ပရီးမီးယားလိဂ်တာဝန်ရှိသူများ ဆွေးနွေးပွဲတွင် ယင်းအချက်အပါအဝင် လူစားလဲခွင့်ပိုမိုရရှိရေး၊ ကြားကွင်းများ၌ ကွင်းပိတ်ကစားရေး စသည့်အချက်များ ဆွေးနွေးခဲ့ကြောင်း PFA ဥက္ကဋ္ဌ ဂေါ်ဒွန်တေလာက ပြောကြားသည်။

''သူတို့ (ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ) က ရူးမိုက်သူတွေမဟုတ်ပါဘူး။ ဘေးကင်းလုံခြုံရေးက နံပါတ်တစ်အဖြစ် သူတို့ဆုံးဖြတ်ထားပါတယ်။ အစိုးရရဲ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေအပါအဝင် နယ်ပယ်အသီးသီးက ကျန်းမာရေးပညာရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အတူတကွ လုပ်ဆောင်နေပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ အပြီးသတ်မဆုံးဖြတ်ခင် ညှိနှိုင်းဆွေးနွေးမှုအကြောင်းကို ကျွန်တော်ပြောပြနေတာပါ။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်လို့ အဆိုပြုချက်တွေလုပ်ထားပါတယ်။ အဲဒီအဆိုပြုချက်တွေထဲမှာ လူစားလဲခွင့်ပိုရဖို့၊ ပွဲတွေကို တစ်ပိုင်းမှာ ၄၅ မိနစ်အပြည့်မကစားဖို့၊ ကြားကွင်းတွေမှာကစားဖို့ စတဲ့အချက်တွေအပြင် အများကြီးပါဝင်ပါတယ်''ဟု ၎င်းက ဆိုသည်။

ပရီးမီးယားလိဂ်တာဝန်ရှိသူများ၏ ဆွေးနွေးပွဲကို မေ ၁၁ ရက်တွင် ထပ်မံပြုလုပ် ရန် စီစဉ်ထားသည်။

 

Most Read

Most Recent