နည်းပြစတိဗ်ဘရုစ် အသင်းတွင်ဆက်ရှိရန် နယူးကာဆယ် ကစားသမားများ ကြိုးပမ်းမည်

နည်းပြစတိဗ်ဘရုစ် အသင်းတွင်ဆက်ရှိရန် နယူးကာဆယ် ကစားသမားများ ကြိုးပမ်းမည်
Photos: Getty Images
Photos: Getty Images
Published 6 May 2020

နယူးကာဆယ်အသင်းအား ဆော်ဒီမင်းသား ရှိတ်မိုဟာမက်ဘင်ဆယ်လ်မန် ကျောထောက်နောက်ခံပြုသော စီးပွားရေးအဖွဲ့က ဝယ်ယူပြီးချိန်တွင် အသင်းအား နည်းပြအပြောင်းအလဲပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေသည်။ 

 

နယူးကာဆယ်ကစားသမားများသည် အသင်းတွင် နည်းပြ စတိဗ်ဘရုစ် ဆက်ရှိနေစေရန်အတွက် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ဗြိတိန် သတင်စာများက ဖော်ပြခဲ့ကြသည်။ 

နယူးကာဆယ်အသင်းအား ဆော်ဒီမင်းသား ရှိတ်မိုဟာမက်ဘင်ဆယ်လ်မန် ကျောထောက်နောက်ခံပြုသော စီးပွားရေးအဖွဲ့က ဝယ်ယူပြီးချိန်တွင် အသင်းအား နည်းပြအပြောင်းအလဲပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေသည်။ 

နယူးကာဆယ်ကစားသမားများသည် လက်ရှိနည်းပြ စတိဗ်ဘရုစ်နှင့် ဆက်လက်လက်တွဲလိုပြီး အသင်းတွင် ၎င်းဆက်ရှိနေစေရန် ဆန္ဒရှိနေကြကြောင်း သိရှိရသည်။ သို့ဖြစ်ရာ အသင်းတွင် စတိဗ်ဘရုစ် ဆက်ရှိနေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားသွားမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

 

Most Read

Most Recent