ဗီလာရီးယဲလ်နှင့်ပွဲမှ ကာဗာဟယ်လ်၏ ဒူးဒဏ်ရာမှာ ပြင်းထန်ဖွယ်ရှိပြီး ဗင်နီစီယပ်စ်လည်း ပခုံးဒဏ်ရာရရှိ

ဗီလာရီးယဲလ်နှင့်ပွဲမှ ကာဗာဟယ်လ်၏ ဒူးဒဏ်ရာမှာ ပြင်းထန်ဖွယ်ရှိပြီး ဗင်နီစီယပ်စ်လည်း ပခုံးဒဏ်ရာရရှိ
Photo: Goal.com
Photo: Goal.com
Published 6 October 2024

 

ဗီလာရီးယဲလ်အသင်းနှင့်ပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်း ကစားသမားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ညာနောက်ခံလူ ဒန်နီကာဗာဟယ်လ်၏ ဒူးဒဏ်ရာမှာ ပြင်းထန်ဖွယ်ရှိသလို တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဂျူနီယာမှာလည်း ပခုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက်က ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်ကစားသည့် လာလီဂါပွဲစဉ်တွင် ရီးယဲလ်အသင်းက ဗီလာရီးယဲလ်အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရသော်လည်း အဓိက ကစားသမားနှစ်ဦး ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ စပိန်လက်ရွေးစင်ကစားသမား ကာဗာဟယ်လ် (၃၂ နှစ်) သည် ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ဘောလုံးကိုကန်ထုတ်ရန် ကြိုးပမ်းစဉ် ပြိုင်ဘက်ကစားသမား ယယ်ရီမီပီနို၏ဟန့်တားမှုကြောင့် ယာဘက်ဒူးဒဏ်ရာရရှိသွားပြီး ထမ်းစင်ဖြင့် သယ်ထုတ်သွားခဲ့ရသည်။

"ပုံစံကြည့်ရတာ ပြင်းထန်တဲ့ ဒူးဒဏ်ရာမျိုးပဲ။ လာမယ့်နာရီအနည်းငယ်အတွင်း ကျွန်တော်တို့ စစ်ဆေးသွားမှာပါ။ အဝတ်လဲခန်းမှာ ဝမ်းနည်းပြီး စိုးရိမ်နေကြတယ်။ ကျွန်တော်တို့မဖြစ်စေချင်တဲ့ တစ်စုံတစ်ခုဖြစ်သွားခဲ့တာပါ။ ဒီပွဲစဉ်ဇယားကြောင့်လည်း အခုလို ဖြစ်ရတာပါ။ ကံမကောင်းစွာပဲ ကျွန်တော်တို့ အတွက် အရမ်းအရေးပါတဲ့ ကစားသမားတစ်ယောက် အခုလိုဖြစ်သွားရတာပါ။ ဆေးအဖွဲ့က ဘာပြောမလဲဆိုတာ ကြည့်ရပါမယ်" ဟု နည်းပြဖြစ်သူ ကာလိုအန်ဆယ်လော့တီက ပြောကြားှခဲ့သည်။

ဘရာဇီးကစားသမား ဗင်နီစီယပ်စ် (၂၄ နှစ်) မှာလည်း ပခုံးဒဏ်ရာကြောင့် ၇၉ မိနစ်တွင် လူစားလဲခဲ့ရပြီး ပြင်းထန်မှုရှိမရှိ စစ်ဆေးရဦးမည်ဖြစ်သည်။

Most Read

Most Recent