မေလ (၁၁)ရက်နေ့တွင် လေ့ကျင့်ရေးအစီအစဉ်များ ပြန်လည်ပြုလုပ်ရန် ရီးယဲလ်အသင်း စီစဉ်ထားပြီး သီးခြားလေ့ကျင့်မှုများ ပြုလုပ်သွားမည်

မေလ (၁၁)ရက်နေ့တွင် လေ့ကျင့်ရေးအစီအစဉ်များ ပြန်လည်ပြုလုပ်ရန် ရီးယဲလ်အသင်း စီစဉ်ထားပြီး သီးခြားလေ့ကျင့်မှုများ ပြုလုပ်သွားမည်
Published 4 May 2020

 

ရီးယဲလ်မက်ဒရစ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရသည့်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်များကို လာမည့်မေလ (၁၁)ရက်နေ့တွင် ပြန်လည်ပြုလုပ်သွားရန် စီစဉ်ထားပြီး သီးခြားလေ့ကျင့်မှုများကို စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုလေ့ကျင့်ရေး အစီအစဉ်များကို မက်ဒရစ်မြို့ရှိ Valdebebas အားကစားလေ့ကျင့်ရေးစင်တာတွင် ပြုလုပ်သွားမည်ဖြစ်ပြီး စပိန်ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများအတိုင်း ဂရု စိုက်လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

Valdebebas အားကစားလေ့ကျင့်ရေးစင်တာသည်   ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များနှင့် လိုက်လျောညီထွေမှုရှိစေရန် စီစဉ်ဆောင်ရွက်မှုများပြုလုပ်ထားပြီး၊ ကူး စက်ရောဂါကာကွယ်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရောဂါကူးစက်မှုတွင် အရေးကြီးသည့် Social Distancing အတွက်လည်း စီစဉ်ထားကြောင်း သိရသည်။

စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့် လာမည့် ဇွန်လဆန်းပိုင်းတွင် လာလီဂါပြိုင်ပွဲအား ပြန်လည်ကျင်းပနိုင်ရန် လျာထားသည့်အတွက် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် လေ့ကျင့်ရေးအစီအစဉ်များကို စတင်ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် လေ့ကျင့်ရေးအစီအ စဉ်များပြုလုပ်ရာတွင် ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များအတွက် ကျန်းမာရေးစစ်ဆေးမှုများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သလို၊ လေ့ကျင့်ခန်းသုံးပစ္စည်းများကိုလည်း စနစ်တကျအသုံးပြုသွားမည်ဖြစ်ကြောင်း သိရ သည်။ 

ရီးယဲလ်မက်ဒရစ်အသင်း ကစားသမားများအနေဖြင့် အသင်း၏လေ့ကျင့်ရေးအစီအစဉ် စတင်ပြုလုပ်ရန် စီစဉ်ထားသည့် မေလ (၁၁)ရက်နေ့မတိုင်မီတွင် မိမိတို့၏အိမ်များ၌ တစ်ဦးချင်းသီးခြားလေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း Marca သတင်းစာက ဖော်ပြခဲ့သည်။

လာလီဂါကလပ်အသင်းများအနေဖြင့် လာမည့်ရက်သတ္တပတ်မှစတင်ကာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်သော်လည်း စပိန်အမျိုးသားအားကစားကောင်စီ၏ လမ်းညွှန်မှုများအတိုင်းသာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

စပိန်အမျိုးသားအားကစားကောင်စီသည် ကိုရိုနာကစားသမားများအား ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရာ၌ ရောဂါလက္ခဏာမရှိသူများ၊ ရောဂါဖြစ်ပွားသူနှင့် ထိတွေ့မှုမရှိသူများကို စစ်ဆေးရန်မလိုအပ်ဟု ညွှန်ကြားထားကြောင်း သိရသည်။

 

Most Read

Most Recent