ကိုယ်ပိုင်လေယာဉ်မှာ မက်ဒရစ်တွင်ရောက်ရှိနေသောကြောင့် အီတလီသို့ပြန်ရန် စီရော်နယ်လ်ဒို အခက်တွေ့နေ

ကိုယ်ပိုင်လေယာဉ်မှာ မက်ဒရစ်တွင်ရောက်ရှိနေသောကြောင့် အီတလီသို့ပြန်ရန် စီရော်နယ်လ်ဒို အခက်တွေ့နေ
Photo : Instagram
Photo : Instagram
Published 4 May 2020

 

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို၏ ကိုယ်ပိုင်လေယာဉ်မှာ မက်ဒရစ်တွင် ရောက်ရှိနေမှုကြောင့် ၎င်းအနေဖြင့် အီတလီသို့ပြန်နိုင်ရန် အခက်အခဲတွေ့နေကြောင်း သိရသည်။ 

အီတလီအစိုးရမှ စီးရီးအေအသင်းများ လေ့ကျင့်ခန်းပြန်ဆင်းရန် ခွင့်ပြုချက်ပေးပြီးနောက် ဂျူဗင်တပ်စ်အသင်းက ပြည်ပရောက်ကစားသမားများကို အသင်းနှင့်ပြန်ပူးပေါင်းရန် အကြောင်းကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ဗိုင်းရပ်စ်ကပ်ဘေးကာလတွင် ပေါ်တူဂီနိုင်ငံ၊ မာဒဲရားရှိ နေအိမ်သို့ပြန်ကာ မိသားစုနှင့် နေထိုင်ခဲ့ခြင်းဖြစ်သည်။ 

မက်ဒရစ်တွင်ရောက်ရှိနေသည့် သူ၏ပေါင်သန်း(၃၀)တန် ကိုယ်ပိုင်လေယာဉ်မှာ စပိန်အစိုးရမှပြဋ္ဌာန်းထားသည့် ခရီးသွားလာခွင့်ကန့်သတ်မှု စည်းမျဉ်များကြောင့် လက်ရှိအချိန်တွင် လေဆိပ် မှထွက်ခွာခွင့်မရှိကြောင်း ပေါ်တူဂီရုပ်သံ TVI က မေလ(၃) ရက်တွင် ဖော်ပြခဲ့သည်။ 

သို့သော် ယင်းအခက်အခဲများကို မေလ(၄)ရက်(ယနေ့)တွင် အလျင်အမြန်ဖြေရှင်းနိုင်မည်ဖွယ်ရှိနေပြီး ယနေ့ညနေပိုင်းတွင် အီတလီသို့ စီရော်နယ်လ်ဒို ရောက်လာဖွယ်ရှိသည်ဟု သတင်းများက ရေးသားခဲ့သည်။

စီရော်နယ်လ်ဒို၏ကိုယ်ပိုင်လေယာဉ်ငယ်သည် ခရီးသည်(၁၈)ဦး လိုက်ပါစီးနင်းနိုင်ပြီး တစ်နာရီ (၆၁၀)မိုင်အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။

 

Most Read

Most Recent