ချင်းပြည်နယ်၏ ဘတ်ဂျက်ကိစ္စရပ်များ ဆွေးနွေး အတည်ပြုနိုင်ရန် ချင်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးကို မေ ၄ ရက်တွင် ပြုလုပ်မည်

ချင်းပြည်နယ်၏ ဘတ်ဂျက်ကိစ္စရပ်များ ဆွေးနွေး အတည်ပြုနိုင်ရန် ချင်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးကို မေ ၄ ရက်တွင် ပြုလုပ်မည်
Published 1 May 2020
အောင်သူထွန်း

ချင်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို မေ ၄ ရက်တွင် ပြုလုပ်မည်ဟု ချင်းပြည်နယ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၏ ပြောကြားချက်အရ သိရသည်။

“အခု ဒီနေ့ကနေ မနက်ဖြန်အထိ ရေးရာ အစည်းအဝေးလုပ်မယ်။ Monday မှာ အတည်ပြုလိုက်မယ်။ အခု လွှတ်တော်ကို ခေါ်လိုက်ပြီ။ ရေးရာအစည်းအဝေး  မနက်ဖန်ပြီးရင် ဘတ်ဂျက်ကိစ္စကို ၄ ရက်နေ့မှာ အတည်ပြုမယ်။ လွှတ်တော်ကို မေလ ၄ ရက် နေ့ခေါ်တယ်။ အခုတော့ လွှတ်တော်ကိုယ် စားလှယ် အကုန်ရောက်နေပြီ” ဟု ချင်းပြည်နယ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောကြားသည်။

ယခုအခါ ချင်းပြည်နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များလည်း ချင်းပြည်နယ် ဟားခါးမြို့တွင် ရောက်ရှိနေပြီဟု သိရ သည်။

အစိုးရယန္တရားလည်ပတ်မှု ရပ်တန့်ခြင်းမရှိစေရန်နှင့် လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် အတည်ပြုပေးနိုင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျံက ပြောကြားသည်။

“လွှတ်တော်ကို တနင်္လာနေ့ (မေ ၄ ရက်) ပြန်စမယ်။ အရေးပေါ် ဘတ်ဂျက်ကိစ္စ ပဲ။ ၂၀၂၀ - ၂၀၂၁ ဘတ်ဂျက်လျာထားတာကို အစိုးရယန္တရား လည်ပတ်မှု မရပ်တန့်သွား အောင်ပေါ့။ ဒီ အချိန်မှာ အတည်ပြုပေးနိုင်မှ သူ့ရဲ့ Process အရဆို မတ်လလောက်မှာကို အတည်ပြုရမှာ။ ဒီနှစ်က COVID ကြောင့် ရွှေ့ဆိုင်းလိုက်ရတော့ လုံးဝမဖြစ်ဘူး။ ဒီရောဂါ ဆက်ပြီးဖြစ်နေဦးမယ်ဆိုရင် အစိုးရညွှန်ကြားချက်အတိုင်း လုပ်နေမယ်ဆိုရင် အစိုးရ  ယန္တရားငွေလည်ပတ်မှုက ဒီဘတ်ဂျက်အ ပေါ်မှာ မူတည်လို့ ချင်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို ခေါ်လိုက်တာပါ” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဆလိုင်းအောင်လျံက ပြောကြားသည်။

 

 

Most Read

Most Recent