တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်လုပ်ကိုင်နေကြသော ရှမ်းပြည်နယ်အတွင်းမှ ရွှေ့ပြောင်းအလုပ်သမားများ ပြန်လာသည်ကို ဝမ်းမြောက်စွာကြိုဆိုကြောင်း RCSS ထုတ်ပြန်

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်လုပ်ကိုင်နေကြသော ရှမ်းပြည်နယ်အတွင်းမှ ရွှေ့ပြောင်းအလုပ်သမားများ ပြန်လာသည်ကို ဝမ်းမြောက်စွာကြိုဆိုကြောင်း RCSS ထုတ်ပြန်
RCSS အဖွဲ့မှ ဒေသခံတစ်ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေစဉ် Photo - RCSS
RCSS အဖွဲ့မှ ဒေသခံတစ်ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေစဉ် Photo - RCSS
Published 27 April 2020
မင်းနိုင်စိုး

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ရှမ်းပြည်နယ်အတွင်းမှ ရွှေ့ပြောင်းအလုပ်သမားများ ပြန်လာကြသည်ကို ဝမ်းမြောက်စွာကြိုဆိုကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့က ဧပြီ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

COVID- 19 ကူးစက်ရောဂါသည် ကပ်ရောဂါအဖြစ် ကမ္ဘာတစ်ဝန်းလုံးတွင် ကူးစက်ပျံ့နှံ့နေပြီး နိုင်ငံအများအပြားတွင် စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းရသည့်အတွက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အလုပ်လုပ်ကိုင်နေကြသော ရှမ်းပြည်သူလူထုသည် အလုပ်လက်မဲ့ဖြစ်ကာ ပြန်လာကြသည်ကို ကြိုဆိုကြောင်း RCSS အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

COVID- 19 ကူးစက်ရောဂါသည် လျင်မြန်စွာကူးစက်ပျံ့နှံ့ပြီး လူ့အသက်ပေါင်းများစွာကို ဆုံးရှုံးစေသကဲ့သို့ ပြည်သူလူထု၏ စားဝတ်နေရေးကိုလည်း များစွာထိခိုက်စေခဲ့ကြောင်းလည်း RCSS က ကြေညာသည်။

COVID- 19 ကူးစက်ရောဂါ ကာကွယ်တားဆီးရေးအတွက် ဆရာဝန်များ၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များဖြစ်သည့် ၁၄ ရက်ကြာ သီးခြားနေထိုင်ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ မကြာခဏလက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံးတစ်မီတာမှ နှစ်မီတာအကွာအဝေးအထိ နေထိုင်သွားလာခြင်းတို့ကို တိကျစွာလိုက်နာရန် RCSS က တိုက်တွန်းခဲ့သည်။

ထို့ပြင် ဃဥဠှီု- 19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အခက်အခဲရှိပါက RCSS ထိန်းချုပ်နယ်မြေအတွင်းရှိ ဆရာဝန်များနှင့် ဒေသဆိုင်ရာအာဏာပိုင်များထံ အကူအညီ တောင်းခံနိုင်ကြောင်းလည်း RCSS အဖွဲ့က ကြေညာခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ နယ်စပ်တစ်လျှောက်၌ ဆောင်ရွက်နေသော COVID- 19 ကူးစက်ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

COVID- 19 ရောဂါ ကာကွယ်တားဆီးရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက်မှုများအား ကြိုဆိုထောက်ခံကြောင်းနှင့် တတ်စွမ်းသမျှ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း RCSS အဖွဲ့၏ ကြေညာချက်တွင် ပါဝင်ခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် COVID- 19 ရောဂါ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

 

 

 

Most Read

Most Recent