ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီတွင် အသင်း၏ အဓိကတိုက်စစ်မှူး (၂)ဦးနှင့် လမ်းခွဲ တော့မည်ဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းသည် အသင်း၏ ၀ါရင့်တိုက်စစ်မှူး ဂျရူးကို နွေရာသီတွင် လမ်းခွဲတော့ မည်ဖြစ်ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘတ်ရှူအာယီ ကိုလည်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြင်သစ်တိုက်စစ်မှူး ဂျရူးသည် ပြီးခဲ့သည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလကတည်းက ချယ်လ်ဆီးအ သင်းမှထွက်ခွာရန် စီစဉ်ခဲ့သော်လည်း အပြောင်းအ ရွှေ့မဖြစ်ပေါ် ခဲ့ဘဲ ချယ်လ်ဆီးအသင်းတွင်ပင် ဆက် ရှိနေခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းတွင် တိုက်စစ်မှူး အေဘရာဟမ် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဂျရူး မှာ အသင်းတွင်ပွဲကစားခွင့် ပြန်လည်ရရှိခဲ့သည်။

၎င်းအနေဖြင့် လာမည့်နွေရာသီတွင် စာချုပ်သက် တမ်းကုန်ဆုံးမည်ဖြစ်၍ ချယ်လ်ဆီးအသင်းမှာ ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာမရရှိဘဲ ၎င်းကို လက်လွှတ်ရမည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ဘတ်ရှူအာယီအတွက် ပြောင်းရွှေ့ကြေးကိုမူ ပေါင် သန်း(၂၀)ဝန်းကျင်ရရှိရန် မျှော်မှန်းနေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။















