ဟာရီကိန်းအား ခေါ်ယူရန်ကြိုးပမ်းမှုကို ရီးယဲလ်မက်ဒရစ် ဆက်လက်ပြုလုပ်မည်မဟုတ်

ဟာရီကိန်းအား ခေါ်ယူရန်ကြိုးပမ်းမှုကို ရီးယဲလ်မက်ဒရစ် ဆက်လက်ပြုလုပ်မည်မဟုတ်
Published 20 April 2020

 

စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် စပါးအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းအား ခေါ်ယူရန် ကြိုးပမ်းမှုကို ဆက်လက်ပြုလုပ်တော့မည် မဟုတ်ကြောင်း Daily Mail သတင်းစာက ဖော်ပြ ခဲ့သည်။

ဟာရီကိန်းအား ခေါ်ယူရန် ပရီးမီးယားလိဂ် အသင်းကြီးဖြစ်သည့် မန်ယူအသင်းကလည်း စိတ် ဝင်စားနေပြီး ရီးယဲလ်မက်ဒရစ်အသင်း နောက်ဆုတ် သွား၍ မန်ယူအသင်းအတွက် ပိုမိုအခွင့်အရေးရရှိ စေမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

စပါးအသင်းသည် ၎င်းတို့၏ကွင်းသစ်တည်ဆောက် ရေးအတွက် ငွေကြေးများစွာ ကုန်ကျခဲ့ရာ လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခြားသောအ သင်းများထက် ပိုမိုဆိုးရွားသည့်ဘဏ္ဍာရေးအခြေ အနေကို ရင်ဆိုင်နေရကြောင်း သိရှိရသည်။

သို့ဖြစ် ရာ ဟာရီကိန်းအား မြင့်မားသည့်ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ရောင်းချကာ ငွေရှာဖွယ်ရှိကြောင်း ဗြိ တိန်မီဒီယာများက ဖော်ပြကြသည်။

စပါးအသင်း ဥက္ကဋ္ဌ ဒန်နီယဲလ်လီဗီကိုယ်တိုင်ကလည်း ဟာရီ ကိန်းအား လာမည့်နွေရာသီတွင် ရောင်းချဖွယ်ရှိ ကြောင်း ဖွင့်ဟဝန်ခံထားသည်။

 

Most Read

Most Recent