အူစမန်သည် အောင်လအန်ဆန်လေ့ကျင့် နေသည့် Hard Knocks 365 မှ ကစားသမားတစ်ဦးဖြစ်ပြီး အချိန်ပိုင်းလေ့ကျင့်ခဲ့ခြင်းဖြစ်သည်။
One ၀ိတ်တန်း(၂) ခုချန်ပီယံ အောင်လအန်ဆန်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲများရွှေ့ဆိုင်းထားသော်လည်း လေ့ကျင့်မှုမပြတ်ပြုလုပ်လျက်ရှိပြီး ပြီးခဲ့သည့်ရက်ပိုင်းက UFC ချန်ပီယံနှင့် ပူးတွဲလေ့ကျင့်ခဲ့ကြောင်း သိရသည်။
အာင်လအန်ဆန်သည် UFC ချန်ပီယံ နိုင်ဂျီးရီးယားနိုင်ငံသား အူစမန်နှင့် လက်သီးထိုး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း ၎င်း၏လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။ အူစမန်သည် အောင်လအန်ဆန်လေ့ကျင့် နေသည့် Hard Knocks 365 မှ ကစားသမားတစ်ဦးဖြစ်ပြီး အချိန်ပိုင်းလေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ဧပြီ (၁၀)ရက်တွင် ထိုးသတ်ရမည်ဖြစ်သော်လည်း ဗိုင်းရပ်စ်ကြောင့် ရက်ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။















