PSGအသင်းမှ ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေသည် ကမ္ဘာ့အမြန်ဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ခံရကြောင်း သိရသည်။
ယင်းအချက်အလက်များကို ပြင်သစ်သတင်းစာတစ်စောင်ဖြစ်သည့် Le Figaro ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘာပေသည် တစ်နာရီ (၃၆)ကီလိုမီတာနှုန်းဖြင့် မြန်နှုန်းမြင့်ကစားသမားများဖြစ်သည့် အူဘာမီယန်း၊ ဆာနေးအထက်တွင် ရပ်တည်နိုင်ခဲ့သည်။
ဒုတိယနေရာတွင် ဘီလ်ဘာအိုတိုက်စစ်မှူး အီညာကီဝီလျံစ် ရပ်တည်မှုမှာမူ အနည်းငယ်အံ့အားသင့်စရာဖြစ်ခဲ့သည်။
ယခုထုတ်ပြန်မှု(၁၀)ဦးစာရင်းတွင် ထိပ်ဆုံး(၈)ဦးမှာ တစ်နာရီ (၃၅)ကီလိုမီတာနှင့်အထက် ပြေးနိုင်ခဲ့သူများဖြစ်ကြောင်း သိရသည်။

ထိပ်ဆုံး(၁၀)ဦးစာရင်းတွင် အူဘာမီယန်း၊ ဘယ်လာရာဘီနှင့် နာချိုဖာနန်ဒက်ဇ်တို့မှာ အသက်(၃၀)တန်းအရွယ်များဖြစ်ပြီး ကျန်ကစားသမားများတွင် လူငယ်အများစု ပါဝင်လျက်
ရှိသည်။
လူသားများထဲတွင် ကမ္ဘာ့အမြန်ဆုံးအဖြစ် တာတိုဘုရင် ယူစိန်ဘော့က တစ်နာရီ (၄၄.၇၂)ကီလိုမီတာနှုန်းဖြင့် စံချိန်တင်ထားကြောင်း သိရသည်။
■ ကမ္ဘာ့အမြန်ဆုံးဘောလုံးသမား(၁၀)ဦး
1. Kylian Mbappe - 36km/h
2. Inaki Williams - 35.7km/h
3. Pierre-Emerick Aubameyang - 35.5km/h
4. Karim Bellarabi - 35.27km/h
5. Kyle Walker - 35.21km/h
6. Leroy Sane - 35.04km/h
7. Mohamed Salah - 35km/h
8. Kingsley Coman - 35km/h
9. Alvaro Odriozola - 34.99km/h
10. Nacho Fernandez - 34.62km/h















