ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်မြင်ခြင်းကြောင့် ရရှိခဲ့သည့် ဆုကြေး (၅၀) ရာခိုင်နှုန်းကို ကပ်ဘေးအတွက် လှူဒါန်းကြရန် ပေါ်တူဂီအသင်းသားများအား တိုက်တွန်းခဲ့ကြောင်း မန်စီးတီးကွင်းလယ်လူ
ဘာနာဒိုဆေးလ်ဗားက ပြောကြားခဲ့သည်။
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်မြင်ခြင်းကြောင့် ရရှိခဲ့သည့် ဆုကြေး (၅၀) ရာခိုင်နှုန်းကို ကပ်ဘေးအတွက် လှူဒါန်းကြရန် ပေါ်တူဂီအသင်းသားများအား တိုက်တွန်းခဲ့ကြောင်း မန်စီးတီးကွင်းလယ်လူ
ဘာနာဒိုဆေးလ်ဗားက ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘောလုံးပြိုင်ပွဲများ ရပ်နားထားသဖြင့် ပေါ်တူဂီအောက်တန်းလိဂ်နှင့် အပျော်တမ်းလိဂ် အသင်းများမှာ ဘဏ္ဍာရေးကျပ်တည်းနေပြီး အသင်းဖျက်သိမ်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ပေါ်တူဂီဘောလုံးလောကတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီရန်အတွက် WhatsApp Group Chat မှတစ်ဆင့် ပေါ်တူဂီအသင်းသားများကို ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ဘာနာဒိုဆေးလ်ဗားက သူ၏ Instagram Live တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘာနာဒိုဆေးလ်ဗားက "ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်မြင်လို့ ရရှိထားတဲ့ ဆုကြေးတွေကို လှူဒါန်းဖို့အတွက် စီရော်နယ်လ်ဒိုက ကျွန်တော်တို့ကို တိုက်တွန်းခဲ့ပါတယ်။ သူက ကျွန်တော်တို့ ရရှိထားတဲ့ ဆုကြေးရဲ့ (၅၀)ရာခိုင်နှုန်းကိုပေါ်တူဂီဘောလုံးလောကအတွက် လှူဒါန်းဖို့ ကျွန်တော်တို့ကို တိုက်တွန်းခဲ့တာပါ။ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ အသင်းသားတွေအနေနဲ့ ဆုကြေး (၅၀)ရာခိုင်နှုန်းကို လှူဒါန်းကြမယ်လို့ ကျွန်တော် ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကလည်း ပေါ်တူဂီလက်ရွေးစင်ကစားသမားများသည် ယူရို-၂၀၂၀ ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်မြင်ခြင်းကြောင့် ရရှိခဲ့သည့် ဆုကြေး (၅၀)ရာခိုင်နှုန်းကို လှူဒါန်းမည်ဟု ကြေညာခဲ့ပြီး ယင်းငွေများကို ဘဏ္ဍာရေးအခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ပေါ်တူဂီအောက်တန်းလိဂ်နှင့် အပျော်တမ်းလိဂ်ကလပ်အသင်းများထံသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စီရော်နယ်လ်ဒိုသည် မွေးရပ်မြေ ပေါ်တူဂီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်ရေးအတွက် သူ၏ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်နှင့် ပေါင်းကာ ပေါင်(၁)သန်း လှူဒါန်းထားသလို၊ ဂျူဗင်တပ်စ်အသင်းတွင်လည်း အသင်းဖော်များနှင့်အတူ လစာ (၄)စာ (ပေါင် ၉ သန်း) မယူရန် ဆုံးဖြတ်ထားသည်။















