စပါးအသင်းသည် အစိုးရထံမှ အကူအညီရယူပြီး ပွဲကစားခြင်းနှင့်မဆိုင်သည့်ဝန်ထမ်း(Non-playing Staff) များအတွက် လစာပေးချေမည့်အစီအစဉ်ကို ဝေဖန်မှုများရှိလာခဲ့သောကြောင့် ဆုံးဖြတ်ချက်အား ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
စပါးအသင်းသည် အစိုးရထံမှ အကူအညီရယူပြီး ပွဲကစားခြင်းနှင့်မဆိုင်သည့်ဝန်ထမ်း(Non-playing Staff) များအတွက် လစာပေးချေမည့်အစီအစဉ်ကို ဝေဖန်မှုများရှိလာခဲ့သောကြောင့် ဆုံးဖြတ်ချက်အား ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
စပါးအသင်းသည် ဧပြီလနှင့် မေလအတွက် ပွဲကစားခြင်းနှင့်မဆိုင်သည့်ဝန်ထမ်း(Non-playing Staff) များကို လစာမဲ့ခွင့်ပေးခဲ့ပြီး (အလုပ်လက်မဲ့ဖြစ်နေသူများကို) ဗြိတိန်အစိုးရက လစာ (၈၀) ရာခိုင်နှုန်းပေးအပ်သည့်စနစ် (Furlough Scheme) ကို အသုံးပြုခဲ့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းမှာလည်း ယင်းကဲ့သို့ စီစဉ်ခဲ့ခြင်းကြောင့် အသင်းကစားသမားဟောင်းများနှင့် ပရိသတ်များ၏ ဝေဖန်မှုများကို ခံခဲ့ရပြီး ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ရပြီး ယခုအခါ စပါးအသင်းမှာလည်း ဝေဖန်မှုများကြောင့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
စပါးအသင်း၏ ထုတ်ပြန်ချက်တွင် "အသင်း၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ပွဲကစားခြင်းနှင့်မဆိုင်သည့်ဝန်ထမ်း(Non-playing Staff) များအတွက် အစိုးရအကူအညီဖြင့် လစာပေးချေမည့်အစီအစဉ်ကို သုံးသပ်ဦးမည်ဟု မိမိတို့ ဖော်ပြခဲ့ကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် ပွဲကစားခြင်းနှင့်မဆိုင်သည့်ဝန်ထမ်း(Non-playing Staff) များကို ဧပြီလနှင့် မေလများအတွက် လစာအပြည့်ပေးချေသွားမည်ဖြစ်ကြောင်းနှင့် အသင်းဘုတ်အဖွဲ့ဝင်များအနေဖြင့် လစာလျှော့ယူသွားမည်ဖြစ်ကြောင်း"ပါရှိသည်။
စပါးအသင်းသည် ယခုဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန်အတွက် အသင်းရှယ်ယာရှင်များ၊ အသင်းအမာခံပရိသတ်အဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြောင်း၊ အစိုးရအကူအညီကို ယူခြင်းမှာ အသင်း၏ဂုဏ်သိက္ခာကို ထိခိုက်သည့်အတွက် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။