ဘာစီလိုနာအသင်း ဒေဝါလီခံရမည့်အရေးနှင့် ရင်ဆိုင်ရနိုင်သည်ဟု ဥက္ကဋ္ဌလောင်း ဗစ်တာဖွန့် ဆို

ဘာစီလိုနာအသင်း ဒေဝါလီခံရမည့်အရေးနှင့် ရင်ဆိုင်ရနိုင်သည်ဟု ဥက္ကဋ္ဌလောင်း ဗစ်တာဖွန့် ဆို
Photos: Getty Images & AS
Photos: Getty Images & AS
Published 13 April 2020

ဘာစီလိုနာအသင်းဥက္ကဋ္ဌရာထူးအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဗစ်တာဖွန့်က အသင်းအနေဖြင့် ဒေဝါလီခံရမည့်အရေးနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းဥက္ကဋ္ဌရာထူးအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဗစ်တာဖွန့်က အသင်းအနေဖြင့် ဒေဝါလီခံရမည့်အရေးနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားခဲ့သည်။ 

ဗစ်တာဖွန့်သည် လက်ရှိတွင် ဘာစီလိုနာအသင်း ရင်ဆိုင်ရနေသည့် ပြဿနာများနှင့် ပတ်သက်ပြီး အသင်းအဖွဲ့ဝင်များနှင့် မီဒီယာများထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။ 

ယင်းအိတ်ဖွင့်ပေးစာတွင် ဗစ်တာဖွန့်က ဘာစီလိုနာအသင်း၏ အသင်းတွင် ပြဿနာများကို ဖော်ပြထားသလို၊ အသင်းအနာဂတ်မှာ စိုးရိမ်ဖွယ်ဖြစ်နေကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

ဗစ်တာဖွန့်၏ အိတ်ဖွင့်ပေးစာတွင် "ဘာစီလိုနာအသင်းအနေဖြင့် အနာဂတ်တွင် အလွန်ဆိုးရွားသည့် မုန်တိုင်းနှင့် ကြုံတွေ့ရဖွယ်ရှိသည်ဟု သတိပေးလိုကြောင်း၊ အသင်းကို ကယ်တင်ရေးမှာ အသင်းအဖွဲ့ဝင်များ၏ လက်ထဲတွင် ရှိနေကြောင်း၊ လက်ရှိတွင် တစ်ကမ္ဘာလုံး ကပ်ဘေးကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ယင်းအခက်အခဲကို ကျော်လွှားရန်အတွက် အသင်းအဖွဲ့ဝင်များအားလုံး စည်းလုံးရန် လိုအပ်ကြောင်း၊ လက်ရှိ ဘာစီလိုနာအသင်းတွင် ဖြစ်ပေါ်နေသည့် အသင်းတွင်း ပြိုကွဲမှုများကို မြင်နေရသည့်မှာ ရှက်စရာကောင်းကြောင်း၊ ဘုတ်အဖွဲ့ဝင် (၆)ဦး တစ်နေ့တည်း နုတ်ထွက်ခဲ့ခြင်းနှင့် အသင်းဘဏ္ဍာရေးကို လူပုဂ္ဂိုလ်တစ်ဦးက လက်ဝါးကြီးအုပ်ထားသည့်ဆိုသော စွပ်စွဲမှုများ ထွက်ပေါ်လာသည့် အသင်း၏အနာဂတ်မှာ ရင်လေးစရာကောင်းကြောင်း၊ ဘာစီလိုနာအသင်းတာဝန်ရှိသူများသည် ယခင်ကလည်း ပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိခဲ့ကြောင်း၊ နေမာ အသင်းပြောင်းသွားခြင်း၊ လူမှုကွန်ရက်တွင် အသင်းကစားသမားများကို အသရေဖျက်ရန် ကြိုးစားခြင်းများမှာ လက်ခံနိုင်စရာမရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အသင်းဝင်ငွေလျှော့ကျလာချိန်တွင် ကစားသမားများကို လစာအဆမတန် လျှော့ယူစေခြင်းနှင့် အသင်းဘုတ်အဖွဲ့အတွင်း ပြိုကွဲမှုများက ဘာစီလိုနာအသင်းကို စီးပွားရေးအရ ဒေဝါလီခံရနိုင်သည့် အန္တရာယ်မျိုးနှင့် ကြုံတွေ့ရစေနိုင်ကြောင်းနှင့် သမိုင်းတစ်လျှောက် ထည်ဝါခဲ့သည့် အသင်း၏စိတ်ဓာတ်ပိုင်းပါ ပျက်စီးသွားနိုင်ကြောင်း"ဖော်ပြပါရှိသည်။ 

ထို့ပြင် ဗစ်တာဖွန့်က ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအပြင် အသင်းတွင်းပြဿနာများ ကြုံတွေ့ရချိန်တွင် နူးကမ့်ကွင်းတိုးချဲ့မည့်အစီအစဉ်ကို ရပ်ဆိုင်းထားရန် တိုက်တွန်းခဲ့သလို၊ ဥက္ကဋ္ဌရွေးကောက်ပွဲကို အလျင်အမြန် ပြုလုပ်သင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်။ 

 

Most Read

Most Recent