ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အာဆင်နယ်ကစားသမားများ လစာဖြတ်တောက်ခံရဖွယ်ရှိ

ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အာဆင်နယ်ကစားသမားများ လစာဖြတ်တောက်ခံရဖွယ်ရှိ
Photos: Getty Images, Reuters & PA
Photos: Getty Images, Reuters & PA
Published 13 April 2020

အာဆင်နယ်အသင်းသည် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အသင်းကစားသမားများကို လစာဖြတ်တောက်သွားဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ The Telegraph က ဖော်ပြခဲ့သည်။ 

အာဆင်နယ်အသင်းသည် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အသင်းကစားသမားများကို လစာဖြတ်တောက်သွားဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ The Telegraph က ဖော်ပြခဲ့သည်။ 

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၄၀)မှတ်ဖြင့် အဆင့် (၉) နေရာတွင် ရပ်တည်နေပြီး အဆင့် (၄)နေရာမှ ချယ်လ်ဆီး (၄၈ မှတ်)နှင့် (၈)မှတ်အထိ ကွာဟနေသည်။ 

မန်စီးတီးအသင်းအနေဖြင့် ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းချိုးဖောက်မှုကြောင့် ဥရောပပြိုင်ပွဲဝင်ခွင့် (၂)ရာသီ ပိတ်ပင်ခံထားရပြီး လာမည့်ရာသီတွင် စတင်အကျုံးဝင်ခဲ့ရမည်ဆိုပါက ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် (၅)နေရာမှ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ရမည်ဖြစ်သည်။ 

သို့သော် လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် (၅)နေရာတွင် မန်ယူအသင်းက ရမှတ် (၄၅)မှတ်ဖြင့် ရပ်တည်နေပြီး အာဆင်နယ်အသင်းမှာမူ မန်ယူအသင်းနှင့် (၅)မှတ် ကွာဟနေသေးသည်။ 

ထို့ကြောင့် အာဆင်နယ်အသင်းအနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ခက်ခဲနိုင်ပြီး ယင်းသို့ ဖြစ်လာပါက ကစားသမားများကို လစာဖြတ်တောက်ရန် အသင်းတာဝန်ရှိသူများက စီစဉ်နေကြောင်း The Telegraph သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းသည် ကစားသမားများအတွက် တစ်နှစ်လျှင် လစာ ပေါင်သန်း (၂၃၀) ဝန်းကျင် ပေးချေနေရပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည့်အတွက် ယင်းကဲ့သို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်ကစားသမားများသည် လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လစာလျှော့ယူရန် အသင်း၏တောင်းဆိုမှုကို ပယ်ချထားသော်လည်း လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးပါက လစာဖြတ်တောက်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း The Telegraph က ဖော်ပြခဲ့သည်။  

 

Most Read

Most Recent