၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံအတွင်း စပါးတန်ချိန် ၂၆ သန်းကျော် စိုက်ပျိုးထုတ်လုပ်ထားပြီး ပြည်တွင်းစားသုံးမှု လိုအပ်ချက်မှာ တစ်နှစ်လုံးအတွက် စပါးတန်ချိန် ၁၅ သန်းကျော်သာဖြစ်သဖြင့် ပြည်တွင်းစားသောက်မှု လုံလောက်ကြောင်း သိရ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံအတွင်း စပါးတန်ချိန် ၂၆ သန်းကျော် စိုက်ပျိုးထုတ်လုပ်ထားပြီး ပြည်တွင်းစားသုံးမှု လိုအပ်ချက်မှာ တစ်နှစ်လုံးအတွက် စပါးတန်ချိန် ၁၅ သန်းကျော်သာဖြစ်သဖြင့် ပြည်တွင်းစားသောက်မှု လုံလောက်ကြောင်း သိရ
ပေါင်းတည်မြို့နယ်အတွင်း ၂၀၁၉ ခုနှစ် မိုးစပါးရိတ်သိမ်းသည့် လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ပေါင်းတည်မြို့နယ်အတွင်း ၂၀၁၉ ခုနှစ် မိုးစပါးရိတ်သိမ်းသည့် လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 2 April 2020
နီလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံအတွင်း စပါးတန်ချိန် ၂၆ သန်း စိုက်ပျိုးထုတ်လုပ်ထားပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက်မှာ တစ်နှစ်လုံးအတွက် စပါးတန်ချိန် ၁၅ သန်းကျော်သာဖြစ်သဖြင့် ပြည်တွင်းစားသောက်မှုအတွက ်လုံလောက်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံ၏အခြေခံစားနပ်ရိက္ခာဖြစ်သော ဆန်စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု မကျဆင်းစေရေး၊ အထွက်နှုန်း ကောင်းမွန်ရေး၊ စျေးကွက်ခိုင်မာစွာ ရရှိရေးတို့အတွက် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာအကူအညီရရှိရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံအတွင်း စပါးတန်ချိန် ၂၆ သန်း စိုက်ပျိုးထုတ်လုပ်ထားပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက်မှာ တစ်နှစ်လုံးအတွက် စပါးတန်ချိန် ၁၅ သန်းကျော်သာ ဖြစ်သည်။ ထို့ပြင် ပြည်သူများ နေ့စဉ်စားသုံးနေသည့် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးစသည့် စားဖိုဆောင် သီးနှံများ ထုတ်လုပ်ထွက်ရှိမှုအနေဖြင့်လည်း ပြည်တွင်းစားသုံးမှုအတွက် လုံလောက်ရုံသာမက ပိုလျှံသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

သီးနှံထုတ်လုပ်မှုစွမ်းအား တိုးတက်စေရန်အတွက် တောင်သူများအနေဖြင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးနည်းပညာများ ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးရွာအခြေစိုက်နည်းပညာ ပေးစင်တာများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးများ၊ ဌာနပိုင်မျိုးစေ့ထုတ်ခြံများသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန Call Center Hot Line ဖုန်းနံပါတ်- ၀၁၂၃၉၉၅၅၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်စပါးစိုက်ဧက ၁၇ ဒသမ ၈ သန်းခန့်စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တစ်နှစ်လျှင် စပါးတန်ချိန် ၂၇ သန်းဝန်းကျင်ရှိကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် ငါးနှစ်အတွင်းတန်ချိန် ၂၇ ဒသမ ၅ သန်းကျော်ဖြင့် အများဆုံးထွက်ရှိသည့်နှစ်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် စပါးစိုက်ဧကနှင့် စပါးအထွက်နှုန်းကို လေ့လာကြည့်ပါက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၇၇၂၂၃၅၅ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၆၄၂၃၃၁၉ (၂၆ သန်းကျော်) ထွက်ရှိကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စပါး စိုက်ဧက ၁၇၈၂၀၅၈၆ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၆၂၁၀၃၁၉ (၂၆ သန်းကျော်) ထွက်ရှိကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စပါး စိုက်ဧက ၁၇၆၉၅၅၂၅ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၅၆၇၂၈၃၃ (၂၅ သန်းကျော်) ထွက်ရှိပြီး ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက စပါးအထွက်နှုန်း လျော့ကျခဲ့သည့်နှစ်ဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စပါး စိုက်ဧက ၁၇၉၃၀၂၉၄ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၅၆၂၄၄၉၂ (၂၅ သန်းကျော်) ထွက်ရှိပြီး  ပြီးခဲ့သည့်လေးနှစ်အတွင်း စပါးအထွက်နှုန်း  အနည်းဆုံးနှစ်ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စပါး စိုက်ဧက ၁၇၈၆၁၀၅၅ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၇၅၇၃၅၈၉ (၂ရသန်းကျော်) ထွက်ရှိခဲ့သဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း စပါးအထွက်နှုန်း အများဆုံးနှစ်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သဘာဝရေမြေရာသီဥတုအရ စိုက်ပျိုးမြေ ဧရိယာများစွာရှိသော်လည်း လက်ရှိအသုံးချစိုက်ပျိုးမှု ဧရိယာမှာ နည်းပါးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

Most Read

Most Recent