တိုင်းရင်းသားများ၏ ဖက်ဒရယ် အငွေ့အသက်ဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အား သက်ဆိုင်ရာလွှတ်တော်က ရွေးချယ်တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကို NLD ပါတီက ထောက်ခံမဲမပေးသဖြင့် ဝမ်းနည်းမိကြောင်း ANP ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

တိုင်းရင်းသားများ၏ ဖက်ဒရယ် အငွေ့အသက်ဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အား သက်ဆိုင်ရာလွှတ်တော်က ရွေးချယ်တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကို NLD ပါတီက ထောက်ခံမဲမပေးသဖြင့် ဝမ်းနည်းမိကြောင်း ANP ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 18 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန််း

တိုင်းရင်းသားများ၏ ဖက်ဒရယ်အငွေ့အသက်ဖြစ်သော တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်အား သက်ဆိုင်ရာလွှတ်တော် က ရွေးချယ်တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကို NLD ပါတီက ထောက်ခံမဲမ ပေးသဖြင့် ဝမ်းနည်းမိကြောင်း ရခိုင်အမျိုး သားပါတီ (ANP) လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက  ပြောကြားသည်။

မတ် ၁ရရက် ပြုလုပ်သည့် ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် ဒုတိယအ ကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် သည့်ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆()နှင့်အ ကျုံးဝင်သော ပုဒ်မ၊ပုဒ်မခွဲ ၁၈ခု၏ ပြင်ဆင် ချက်များကို  မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံ မဲ ၇၅ ရာခိုင်နှုန်းမကျော်၍ မပြင်ဆင်နိုင်ခဲ့ သည့် ပုဒ်မ ၂၆၁ နှင့်ပတ်သက်၍ မီဒီယာက မေးမြန်းစဉ် လွှတ်တော်ကိုယ်စားလှယ် ဦးဖေ သန်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

မဲရလဒ်ကိုကြည့်ရတာတော့ NLD ပါတီရဲ့ မဲကအဆုံးအဖြတ်ဖြစ်သွားတာပေါ့။ ဒီဘက်က ပြည်ခိုင်ဖြိုးရယ်၊ တပ်မတော်ရယ်၊ တိုင်းရင်းသားတွေက အကုန်လုံးပေးတယ်။ ဒါပေမဲ့ အဆုံးအဖြတ် NLD ရဲ့မဲပါ။ ဒါ မဲရလဒ် ကြည့်ရင် သိပါတယ်။ အစကတည်းက ကန့် ကွက်ဆွေးနွေးတယ်ဆိုတော့ အခုလည်းပဲ မဲမပေးဘူးဆိုတာ သိပါတယ်။ ဒါက ကျွန်တော် တို့အတွက် ဝမ်းနည်းစရာပေါ့။ ဒီမိုကရေစီ တစ်ပါတီကနေပြီး ဗဟိုချုပ်ကိုင်မှုကို လျှော့ မချပေးဘူး။ တိုင်းရင်းသားတွေရယ် ဖက်ဒ ရယ်စနစ်ကို အငွေ့အသက်လေးတောင်မှ ရှူရှိုက်ခွင့်မပေးဘူး။ မလိုက်လျောပေးဘူးဆို တော့ ကျွန်တော်တို့ တိုင်းရင်းသားတွေအ တွက်တော့ ဝမ်းနည်းစရာပါဟု လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

ယင်းသို့ ပုဒ်မ ၂၆၁ ကို မပြင်ဆင်နိုင််ခဲ့ သည့်အတွက် ရှေ့ဆက်ခရီးများတွင် ခလုတ် ကန်သင်းတစ်ခုဖြစ်ခဲ့ပြီး  ဒီမိုကရေစီရဲဘော် ရဲဘက်များဟု မှတ်ယူထားသည့် NLD ပါတီ ၏ဆန္ဒသည် တိုင်းရင်းသားများ၏ အခွင့်အ ရေးဆုံးရှုံးမှုဖြစ်သဖြင့် စိတ်မကောင်းကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက ပြော ကြားသည်။

ပုဒ်မ ၂၆၁ မဲရလဒ်နှင့်ပတ်သက်၍ ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆(က)နှင့် ကျုံးဝင်သောပုဒ်မများမှ တပ်မတော်သား ကိုယ်စားလှယ်များကို လျှော့ချရန် ပြင်ဆင် ချက်ကို အောင်မြင်မှုရရှိခဲ့ပါက မဲရလဒ် ပြောင်းလဲနိုင်ကြောင်း NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့က ပထမအကြိမ် လွှတ်တော်သက်တမ်းမှာကတည်းက NLD ကစပြီး အဆိုပြုတင်ပြခဲ့တာပါ။ ဒါပေမဲ့ နှစ်ခု က ချိတ်ဆက်နေတယ်။ ပုဒ်မ ၂၆၁ ကို ပြင် ဆင်မယ်။ တစ်ဖက်မှာလည်း ရွေးကောက်ခံ မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပါဝင်မှု ရာခိုင်နှုန်းကို လျှော့ချဖို့ဆိုတာ ပထမ အကြိမ် လွှတ်တော်သက်တမ်းကတည်းက ပါခဲ့ပြီးပြီ။ ရှေ့မှာလည်း ၄၃၆ နဲ့ပတ်သက်လို့ မဲတွေ တောက်လျှောက်ပေးခဲ့ပြီးပြီ။ ရွေး ကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ်တွေရဲ့ လျှော့ချမှုအနေအထားက အောင်မြင်မှုရခဲ့ သလား။ မရခဲ့ဘူး။ အဲဒီအချိန်မှသာ အောင် မြင်မှုရခဲ့တယ်ဆိုရင် မဲဆိုတာက ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်တိုင်းက တစ်ဦး တစ်ယောက်ချင်းစီရဲ့ စိတ်ဆန္ဒနဲ့ပေးနေတာ ပါ။ စိတ်ဆန္ဒနဲ့သွားနေတာမို့လို့ ရလဒ်တွေက နေ့တိုင်းပြောင်းလဲသွားနိုင်တယ်။ ရှေ့မှာ ဘာတွေဖြစ်ခဲ့သလဲ။ ဘယ်လိုပုဒ်မတွေ ပြင် နိုင်ခဲ့သလဲဆိုတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ ဆင့်ကဲဆင့်ကဲပြောင်းလဲနိုင် တာပေါ့။ ဘာကိုမှ မပြင်နိုင်တဲ့အနေအထား မှာ ကျွန်တော်တို့က ဒီဟာက တိုင်းပြည်အ တွက် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ဒီနေ့ ၂၆၁ နဲ့ စပ်လျဉ်းလို့ ဒီလိုရလဒ်မျိုး ထွက်လာတယ်လို့ ထင်ပါ တယ်ဟု ဒေါက်မြတ်ဉာဏစိုးက ပြောကြား သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်အမျိုး သားပါတီ (ANP) လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမူ လွှတ်တော်အတွင်းမှာ တပ်မ တော်သား ကိုယ်စားလှယ်များထွက်မည့်အ ချိန်ကို မည်သူ့မျှမပြောနိုင်သဖြင့်  ပြင်သင့် သည့် ပုဒ်မများကို ပြင်ရမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

တပ်မတေ ာ်သားကိုယ်စားလှယ်တွေ က ဘယ်တော့ထွက်မလဲ ဘယ်သူပြောလို့ရ လဲ။ ဒီမိုကရေစီသွားတဲ့ခရီးမှာ မပြင်နိုင်သေး ဘူးဆိုတာ အချိန်နှောင့်နှေးသွားတာပဲ ရှိ မယ်။ ပြင်သင့်ရင် ပြင်လိုက်ပေါ့။ တပ်မတော် သား ထွက်မှဆိုတာ ဘယ်သူအာမခံနိုင်လဲ။ ဘယ်တော့ထွက်မလဲ။ ဘယ်တော့ ငြိမ်းချမ်း ရေးရမလဲ။ မလိုအပ်ဘဲ နှောင့်နှေးသွားတာ ကို ပြောချင်တာပါ။ ဒီမိုကရေစီဖွင့်ပေး လိုက်ပေါ့။ သူ့ဒေသနဲ့သူ နိုင်ရင်အုပ်ချုပ်ပေါ့။ မနိုင်ရင် မအုပ်ချုပ်နဲ့ပေါ့။ ဒါက Power Sharing မဟုတ်ပါဘူး။ သူ့ဒေသရဲ့ အကြီးအကဲကို သူ့ဘာသာသူ အုပ်ချုပ်နိုင်အောင် ဗဟိုချုပ်ကိုင်မှု လျော့ချပေးတဲ့သဘောပါဟု ဦးဖေသန်းက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီက တင်သွင်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးခြင်း အစား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်က ရွေးချယ်တာဝန်ပေး နိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကို မဲခွဲဆုံး ဖြတ်ရာတွင် ထောက်ခံမဲ ၂၃၉မဲသာ ရရှိခဲ့သ ဖြင့် အောင်မြင်မရရှိခဲ့ပေ။

 

 

Most Read

Most Recent