မြန်မာနိုင်ငံအတွင်း မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေး စင်္ကြံလမ်းကိုတိုးချဲ့ပြီး စီးပွားရေးအရအရေးပါသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ မြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်

မြန်မာနိုင်ငံအတွင်း မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေး စင်္ကြံလမ်းကိုတိုးချဲ့ပြီး စီးပွားရေးအရအရေးပါသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ မြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်
  မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ကိုရွှေသိန်း)
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ကိုရွှေသိန်း)
Published 3 March 2020

မြန်မာနိုင်ငံအတွင်း မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေးစင်္ကြံလမ်းကို တိုးချဲ့ပြီး စီးပွားရေးအရ အရေးပါသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ မြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

မဟာမဲခေါင်ဒေသခွဲအရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်ရှိ စီးပွားရေးအရ အရေးပါသည့် မော်လမြိုင်၊ ဘားအံနှင့် မြဝတီမြို့များ၏ မြို့ပြဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ADB ထံမှ ချေးငွေဒေါ်လာသန်း ၈၀ နှင့် NEDA မှ ချေးငွေဒေါ်လာ ၂၄ သန်း၊ စုစုပေါင်းချေး ငွေဒေါ်လာ ၁၀၄ သန်းကျော်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

မဟာမဲခေါင်ဒေသခွဲ စင်္ကြံလမ်းတစ်လျှောက်ရှိ မြို့ဖြစ်သည့် မော်လမြိုင်၊ ဘားအံနှင့် မြဝတီမြို့များအနက် မြဝတီမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  GMS Corridor Towns Development Project ကို Neighboring Countries Economic Development Cooperation Agency (NEDA) ထံမှ ချေးငွေရယူမည့် အစီအစဉ်နှင့်စပ်လျဉ်းပြီး ဖေဖော်ဝါရီ ၂၄ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန၌ လက်မှတ်ရေးထိုးခဲ့သည်။

မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်ရှိ စီးပွားရေးအရ အရေးပါသောမြို့များဖြစ်သည့် မော်လမြိုင်မြို့၊ ဘားအံမြို့၊ မြဝတီမြို့များ၏ မြို့ပြဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏အကူအညီဖြင့် အကြိုလေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

အဆိုပါဆန်းစစ်လေ့လာမှုများအရ မော်လမြိုင်၊ ဘားအံနှင့် မြဝတီမြို့များ၏မြို့ ပြဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ ချေးငွေအကူအညီ ဒေါ်လာသန်း ၈၀ နှင့် NEDA ချေးငွေဒေါ်လာ ၂၄ ဒသမ ၃ သန်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

ADB ချေးငွေဖြင့် အကောင်အထည်ဖော်မည့်စီမံကိန်းမှာ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့နေ ပြည်သူများအတွက် မြို့ပြအခြေခံ ဝန်ဆောင်မှုလိုအပ်ချက်များဖြစ်သည့် ရေကောင်းရေသန့်ရရှိရေး၊ စနစ်တကျ အမှိုက်စွန့်ပစ်ရေး၊ ပြည်သူ့ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများပေးခြင်း၊ မော်လမြိုင်မြို့ ရှေးဟောင်းအဆောက်အဦ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ ဘားအံစက်မှုဇုန် စီမံကိန်းရေးဆွဲခြင်းနှင့် မြဝတီ-မဲဆောက် Joint Spatial Development Plan ရေး ဆွဲခြင်းလုပ်ငန်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း GMS Corridor ကို တိုးချဲ့ပြီး စီးပွားရေးအရ အရေးပါသည့် မြို့ကြီးများ၏မြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆင့်ပွားလုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းချေးငွေစီမံကိန်းသည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်ရှိ ပြည်နယ်မြို့ကြီးများ၏ လူမှုစီးပွားနှင့် အခြ ခံအဆောက်အအုံကဏ္ဍအား တိုးတက်မြင့်မားစေပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်နံပါတ် ၁၁ ပါ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူ ဖြစ်စေသည့် စီမံကိန်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မြဝတီမြို့၏ မြို့ပြဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်း များ ပိုမိုကောင်းမွန်လာခြင်း၊ စီးပွားရေးအခြေအနေများ ပိုမိုကောင်းမွန်လာခြင်း စသည့် အကျိုးကျေးဇူးများအပြင်  မြန်မာ -ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent