ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသည့် ဂိုးသမား ကယ်ပါ အသင်းမှ ထွက်ခွာချင်နေသည်ဆိုသည့်သတင်းများကို လမ်းပတ် ပယ်ချ

ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသည့် ဂိုးသမား ကယ်ပါ အသင်းမှ ထွက်ခွာချင်နေသည်ဆိုသည့်သတင်းများကို လမ်းပတ် ပယ်ချ
Photos: Getty Images
Photos: Getty Images
Published 1 March 2020

ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံး ဂိုးသမားအဖြစ် စံချိန်တင်ထားသူ ကယ်ပါသည် ယခုရာသီတွင် အမှားများ မကြာခဏကျူးလွန်ခဲ့သောကြောင့် မနေ့က ဘုန်းမောက်အသင်းနှင့်ပွဲအပါအဝင် နောက်ဆုံးခြောက်ပွဲဆက်တိုက် ပွဲထွက်စာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ 

 

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသည့် ဂိုးသမားကယ်ပါအနေဖြင့် ယခုရာသီကုန်တွင် ထွက်ခွာရန် ဆန္ဒရှိနေသည်ဆိုသည့် သတင်းများအား ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံး ဂိုးသမားအဖြစ် စံချိန်တင်ထားသူ ကယ်ပါသည် ယခုရာသီတွင် အမှားများ မကြာခဏကျူးလွန်ခဲ့သောကြောင့် မနေ့က ဘုန်းမောက်အသင်းနှင့်ပွဲအပါအဝင် နောက်ဆုံးခြောက်ပွဲဆက်တိုက် ပွဲထွက်စာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ 

သို့ဖြစ်ရာ ကယ်ပါသည် လမ်းပတ်အနေဖြင့် ၎င်းအား ပုံမှန်ပွဲထွက်ခွင့်ပြုမည်ဆိုသည့် နှုတ်ကတိချိုးဖောက်သလို စပိန်အသင်း ပထမဂိုးသမား နေရာအတွက်လည်း စိုးရိမ်စရာဖြစ်လာနိုင်သောကြောင့် ရာသီကုန်တွင် ထွက်ခွာရန် ဆန္ဒရှိနေကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။ 

သို့ သော် လမ်းပတ်က "ဒီတစ်ပတ်ထဲမှာ တော်တော်မှားယွင်းပြီး အဓိပ္ပာယ်မရှိတဲ့အကြောင်းတွေ ဖတ်ရပါတယ်။ ရေးသားနေကြတာတွေအများစုက  အမှားတွေချည်းပါပဲ" ဟု တုံ့ပြန်ပြောကြားခဲ့သည်။

 

Most Read

Most Recent