ဘိုလော့ဂ်နာ - လက်ချီ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၈:၃၀ နာရီ)
ပြီးခဲ့တဲ့ ကာဂလီယာရီနဲပွဲမှာ ဘိုလော့ဂ်နာရဲ့ ပုံစံကောင်းတချို့ကို ပြန်တွေ့ခဲ့ရတယ်။ လက်ချီကတော့ နိုင်ပွဲရခဲ့ပေမဲ့ လိုအပ်ချက်တွေရှိနေဆဲပါပဲ။ ဘိုလော့ဂ်နာ အနိုင်သေချာတယ်။ (၁-ဝ၊ ၂-ဝ) ဂိုးရလဒ်တွေ ဖြစ်နိုင်တယ်။
အူဒီးနီးစ် - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၁၁:၃၀ နာရီ)
ဂျူဗင်တပ်စ်က အူဒီးနီးစ်နဲ့တွေ့တဲ့ စီးရီးအေနောက်ဆုံး (၅)ပွဲမှာ (၄)ပွဲအနိုင်ရခဲ့တယ်။ အနိုင်ရတဲ့ ပွဲတိုင်းလည်း ဂျူဗင်တပ်စ်အသင်း Clean Sheet ရယူနိုင်ခဲ့တယ်။ အူဒီးနီးစ်ကလည်း အဝေးကွင်းအားနည်းပေမဲ့ အိမ်ကွင်းဆိုရင်တော့ အမှတ်ရအောင်ကစားတတ်ပါတယ်။ အင်တာမီလန်လို ထိပ်သီးအသင်းကိုတောင်မှ နောက်ဆုံးအချိန်အထိ အူဒီးနီးစ်အသင်း ဒုက္ခပေးနိုင်ခဲ့တယ်။ ဒါ့အပြင် ဒီပွဲပြီးရင် လိုင်လီနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲကျပ်အဖြစ် ဂျူဗင်တပ်စ်ကစားရမှာကို သတိပြုရမယ်။ အူဒီးနီးစ်ကို ကြိုက်တယ်။
မွန်ဇာ - အေစီမီလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃ ရက် နံနက် ၂:၁၅ နာရီ)
ပြီးခဲ့တဲ့ရာသီ (၂)သင်းထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရင် အိမ်ရှင်တွေအနိုင်ရထားတယ်။ လက်ရှိ အေစီမီလန်ရဲ့ ကွင်းတွင်းခြေစွမ်းကတော့ တည်ငြိမ်မှုနည်းပါးလွန်းတယ်။ စီးရီးအေ နောက်ဆုံးပွဲမှာလည်း အိမ်ကွင်းပွဲစဉ်ကစားခဲ့ရပေမဲ့ နာပိုလီကို ဂိုးပြတ်ရှုံးခဲ့တယ်။ မွန်ဇာက အိမ်ကွင်းဆိုရင် ကစားပုံပိုကောင်း လေ့ရှိတဲ့အသင်းပါ။ မွန်ဇာ သရေရသွားနိုင်တယ်။ (၂)သင်းပေါင်း သွင်းဂိုးများနိုင်ပါတယ်။